ဘာစီလိုနာအားကစားဒါရိုက်တာ အဘီဒယ်ကို မက်ဆီ ဝေဖန်

yyl-014-2.jpg

နည်းပြဟောင်း ဗယ်ဗာဒီလက်ထက်မှာ ဘာစီလိုနာကစားသမားတွေ မကြိုးစားခဲ့ဘူးဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက အားကစားဒါရိုက်တာ အဘီဒယ်ကို ဝေဖန်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဗယ်ဗာဒီကို ရာထူးက ထုတ်ပယ်ပြီး ဆက်တီယန်နဲ့ အစားထိုးခဲ့ပါတယ်။ မက်ဆီရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ အဘီဒယ်ဟာ စပိန်သတင်းစာ Diario Sport နဲ့ အင်တာဗျူးအစီအစဉ်မှာ ဘာစီလိုနာကစားသမားတွေ အပေါ် ဝေဖန်ခဲ့တာပါ။

”ဗယ်ဗာဒီလက်ထက်မှာ ကစားသမား တော်တော်များများက စိတ်အလိုမကျဖြစ်ခဲ့တယ်။ သိပ်မကြိုးစားခဲ့ဘူး။ ပြီးတော့ အသင်းတွင်း ဆက်ဆံရေးပြဿနာလည်း ရှိတယ်”လို့ အဘီဒယ်က ပြောခဲ့တာပါ။ ” ကစားသမားတွေအကြောင်းပြောရင် နာမည်တပ်ပြောပါ။ နာမည်တပ်ပြီး မပြောရင် မဟုတ်မမှန်တဲ့ ကောလာဟလတွေ ဖြစ်စေနိုင်တယ်”လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ မက်ဆီက တုံ့ပြန်ခဲ့ပါတယ်။ Ballon d’Or ဆု (၆)ကြိမ် ဆွတ်ခူးထားတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးညှိနှိုင်းနေဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top