မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် မွန်တီနီဂရိုးနိုင်ငံသား Miodrag Radulovi ကို ခန့်အပ်

noo.jpg

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ လစ်လပ်နေတဲ့ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းရဲ့ နည်းပြချုပ်နေရာအတွက် လက်ဘနွန်လက်ရွေးစင်အသင်း နည်းပြချုပ်ဟောင်း မွန်တီနီဂရိုးနိုင်ငံသား မီယိုဒရက်ဂ် ရာဒူလိုဗစ် (Miodrag Radulovi) ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

မြန်မာအသင်းနည်းပြသစ်ဖြစ်လာတော့မယ့် ရာဒူလိုဗစ်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လက်ထောက်နည်းပြတစ်ဦးကိုပါ တစ်ပါတည်းခန့်အပ်သွားမှာလည်း ဖြစ်ပါတယ်။

ရာဒူလိုဗစ်အနေနဲ့ စက်တင်ဘာလမှာစတင်ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲဒုတိယအဆင့်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှာကျင်းပမယ့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးရမှာဖြစ်

ရာဒူလိုဗစ်အနေနဲ့ စက်တင်ဘာလမှာစတင်ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲဒုတိယအဆင့်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှာကျင်းပမယ့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးရမှာဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းအတွက် သူ့ရဲ့ပွဲဦးထွက်ပွဲကို ဇွန်လမှာကစားမယ့်နိုင်ငံတကာခြေစမ်းပွဲတွေကနေ စတင်သွားရမှာပါ။

မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာတာဝန်ယူခဲ့တဲ့ ဂျာမနီနိုင်ငံသားနည်းပြ အန်တွမ်နီဟေးနဲ့လမ်းခွဲပြီးကတည်းက နည်းပြလက်မဲ့ဖြစ်နေခဲ့ပြီး မတ်လအတွင်းကကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲကိုတော့ ဦးမျိုးမင်းထွန်းက ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် (၁၄၇) နေရာမှာရှိနေခဲ့တဲ့ လက်ဘနွန်အသင်းကို၂၀၁၈ ခုနှစ်မှာ ကမ္ဘာအဆင့် (၇၇) အထိရောက်ရှိလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ

အသက် (၅၁) နှစ်အရွယ် ရာဒူလိုဗစ်ဟာ နည်းပြသက်တမ်း နှစ် (၂၀) နီးပါးရှိပြီဖြစ်ပြီး ယခင်က ပေါ်တူဂီ၊ မွန်တီနီဂရိုး၊ ကူဝိတ်၊ ကာဇက်စတန်ကလပ်အသင်းတွေ၊ ဆားဘီးယားနဲ့ မွန်တီနီဂရိုး ယူ-၁၉ အသင်း၊ မွန်တီနီဂရိုး ယူ-၂၁ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့အပြင် အာရှအသင်းတစ်သင်းဖြစ်တဲ့ လက်ဘနွန်လက်ရွေးစင်အသင်းကို ကာလရှည်ကိုင်တွယ်ခဲ့တဲ့နည်းပြတစ်ဦးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ကမ္ဘာ့အဆင့် (၁၄၇) နေရာမှာရှိနေခဲ့တဲ့ လက်ဘနွန်အသင်းကို၂၀၁၈ ခုနှစ်မှာ ကမ္ဘာအဆင့် (၇၇) အထိရောက်ရှိလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ရာဒူလိုဗစ်ကို မြန်မာအသင်းနည်းပြချုပ်အဖြစ်ခန့်အပ်ကြောင်း ဧပြီ (၂၀) ရက်က သတင်းထုတ်ပြန်ထားတာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ စာချုပ်ချုပ်ဆိုပွဲနဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

Photo – Fox Sports Asia
Ref: ကြေးမုံ, MFF
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top