ကိုဗစ် ၁၉ ရောဂါကနေ နလန်ထူပြီးနောက် ခွန်အားပြန်လည်ပြည့်ဝဖို့ဆိုရင်

24-8-2021-yyl05.jpg

ကိုဗစ် ၁၉ ရောဂါဟာ ကူးစက်ခံရသူကို အားနည်းသွားစေပြီး ခြေကုန်လက်ပန်းကျစေတယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီး နလန်ထူတဲ့အချိန်မှာတောင် အချိန်အကြာကြီး အားနည်းနေဉီးမှာပါ။ အဲဒီအချိန်မှာ ခွန်အားပြန်လည်ပြည့်ဝအောင် လုပ်မှသာ အခြားပြဿနာတွေမကြုံတွေ့ရမှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါကနေ နလန်ထူပြီးတဲ့နောက်မှာ အားနည်းပြီး ပင်ပန်းနွမ်းလျတာကတော့ အာဟာရမပြည့်ဝတာနဲ့ စိတ်ဖိစီးတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကို တွန်းလှန်ပစ်ဖို့အတွက် ကိုယ့်ကိုယ်ကို အရင်ကထက် နှစ်ဆပိုပြီးဂရုစိုက်ပေးရမှာပါ။ ဒါကြောင့် ကိုဗစ် ၁၉ ရောဂါပိုးကနေ ခွန်အားပြည့်ဝပြီး လုံးဝသက်သာသွားဖို့ဆိုရင်တော့

အစားအစာမှာ ကယ်လိုရီ ပါဝင်ပါစေ

အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးဖို့က အရေးကြီးပါတယ်။ အဲဒီအစားအစာတွေက သင့်ကို ခွန်အားပြည့်အောင်ကူညီပေးတဲ့အတွက်ကြောင့်ပါ။ ကာဗွန်ဟိုက်ဒရိုတ်က သင့်ခန္ဓာကိုယ်အတွက် စွမ်းအင်ပါပဲ။ ဒါကြောင့် တစ်နေ့တာအစားအစာမှာ ကန်စွန်းဉ၊ ဂျုံ၊စပါးတို့ရဲ့အစေ့အဆန်တွေ၊ ပဲနီလေးနဲ့ အခြားအဆီအနှစ်ပြည့်ဝတဲ့အစားအစာတွေပါဝင်ပါစေ။

ပရိုတင်းပါဝင်အောင်လည်းစားပါ

ပရိုတင်းက ခန္ဓာကိုယ်ကြံ့ခိုင်ကျစ်လျစ်စေပါတယ်။ ဖျားနာမှုကို တိုက်ဖျက်တဲ့အခါ ခန္ဓာကိုယ်ကြွက်သားတွေလျော့ရဲလာရပါတယ်။ ကြွက်သားတွေကျစ်လျစ်လာဖို့အတွက် ပရိုတင်းပမာဏကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ခွန်အားပြန်လည်ပြည့်ဝလာဖို့အတွက် ပရိုတင်း ၁.၅ ဂရမ်ပါဝင်အောင် စားပါ။

အိုမီဂါ ၃ ကို စားသုံးပါ

ခန္ဓာကိုယ်က ရောဂါပိုးကို တွန်းလှန်ရင်းနဲ့ ရောင်ရမ်းနာကျင်မှုတွေဖြစ်လာတတ်တဲ့အတွက် ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကို လျော့ချဖို့ အိုမီဂါ ၃ က ကူညီပေးနိုင်ပါတယ်။ အိုမီဂါ ၃ ကြွယ်ဝတဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။ ကိုဗစ် ၁၉ ကနေ နလန်ပြန်ထူပြီးတဲ့နောက်မှာတော့ (၂) လလောက်တော့ အိုမီဂါ ၃ အားဆေးကို သောက်သုံးပေးသင့်ပါတယ်။

သင့်ရဲ့အူကိုလည်း ဂရုစိုက်ပေးပါ

ကူးစက်ရောဂါက သင့်အူထဲကို ဝင်ရောက်မယ်ဆိုရင် အစာမကြေတာနဲ့ ဝမ်းလျှောတာလို ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် တစ်နေ့တာမှာ ပရိုဘိုင်အိုတစ် (Probiotics) နဲ့ ပရီဘိုင်အိုတစ် (Prebiotics) ပါဝင်ပါစေ။ ပရိုဘိုင်အိုတစ်ကို ဒိန်ခဲ၊ ထောပတ်နို့၊ ဆန်ပြုတ်၊ မုန်လာဉနီနဲ့ ဗီတွတ် (beetroot) ဖျော်ရည်တွေက ရနိုင်ပါတယ်။ ပရီဘိုင်အိုတစ်ကိုတော့ ပန်းသီး၊ ကြည်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျူံစပါးရဲ့အစေအဆန့်တွေကနေ ရနိုင်ပါတယ်။

ဗီတာမင်ဒီ

ဗီတာမင်ဒီကို နေရောင်ခြည်ကနေ ရနိုင်တယ်ဆိုတာ သိထားကြပါတယ်။ ဗီတာမင်ဒီက ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ အရိုးကျန်းမာရေး၊ ကိုယ်ခံအားစနစ်၊ ကိုယ်အလေးချိန်လျော့နည်းတာ၊ ဆံပင်ကျွတ်တာတို့ကို ထိန်းဖို့နဲ့ ဟော်မုန်းမညီမျှမှုမဖြစ်အောင် ထိန်းဖို့အတွက် လိုအပ်ပါတယ်။ ဒါကြောင့် နလန်ပြန်ထတဲ့အချိန်မှာ ခွန်အားပြန်လည်ပြည့်ဝဖို့အတွက် ဗီတာမင်ဒီလည်း လိုအပ်ပါတယ်။

ရေဓာတ်

ကိုဗစ်ကနေ နလန်ပြန်ထပြီး ခွန်အားပြည့်ဝဖို့အတွက် ကိုယ့်ကိုယ်ကို ရေဓာတ်ပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်။ ရေက အာဟာရဓာတ်တွေနဲ့အတူ သင့်ခန္ဓာကိုယ်ကို ကူညီပေးပြီး ချွေးနဲ့ဆီးကနေတဆင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ကောင်းကောင်းအိပ်စက်ဖို့ကလည်း ကိုဗစ်ကူးစက်ခံခဲ့ရတဲ့သူအတွက် အရေးကြီးပါတယ်။ ခွန်အားတွေပြန်လည်ပြည့်ဝလာဖို့၊ ရောဂါပိုးကို တွန်းလှန်ပစ်နိုင်ဖို့အတွက် အိပ်ရေဝအောင်အိပ်ပါ။ ကိုယ့်ကိုယ်ကိုလည်း စိတ်ဓာတ်မကျပါနဲ့။

ဒီဆောင်းပါးကို ဗဟုသုတအနေနဲ့ မျှဝေပေးတာဖြစ်ပါတယ်။ ပိုပြီးသေချာချာသိချင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာအကောင်းဆုံးပါပဲ။

Ref: Easy ways to regain strength after recovering from COVID-19
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top