ကလေးမရတဲ့ အဒေါ်အတွက် ကလေးခိုးပေးလို့ ကျန်းမာရေးအဖွဲ့ဝင်ကို ဖမ်းဆီး

yyl-025-7.jpg

ကလေးမရတဲ့ အဒေါ်အတွက် မွေးကင်းစကလေးငယ်တစ်ဦး ခိုးပေးခဲ့လို့ ပါကစ္စတန်နိုင်ငံက ကျန်းမာရေးအဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့မှာ ခဲအိုဖြစ်သူ အဗ္ဗဒူဟာမစ်က မီးဖွားလုဆဲဆဲဖြစ်နေတဲ့ မရီးဖြစ်သူ ဂျမီလာဘီဘီကို ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလော့ချီစတန်ပြည်နယ်မှာရှိတဲ့ လိုရာလိုင်မြို့ ဆေးရုံကို ပို့ခဲ့ပါတယ်။ ဂျမီလာဘီဘီ မီးဖွားခဲ့ပြီးနောက်မှာ ကျန်းမာရေးအဖွဲ့က သူ့မိသားစုထံ ကလေးငယ်တစ်ယောက် ပေးအပ်ခဲ့ပြီး မိခင်ရော၊ ကလေးပါ ကျန်းမာရေးကောင်းမွန်နေလို့ ဆေးရုံကနေ ဆင်းနိုင်ပြီလို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဂျမီလာဘီဘီဟာ နောက်ထပ် ရက်အတော်ကြာတဲ့အထိ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်ခဲ့ပါတယ်။ ဂျမီလာဘီဘီရဲ့ ကလေးဟာလည်း ရက်ပိုင်းအတွင်း ကွယ်လွန်သွားခဲ့ပါတယ်။ ဂျမီလာဘီဘီ သတိရလာချိန်မှာတော့ နောက်ထပ်ကလေးတစ်ယောက် ဘာမှာလဲလို့ မေးမြန်းခဲ့ပါတယ်။ အဲဒီအချိန်ကမှ ဂျမီလာဘီဘီ အမြွှာမွေးခဲ့တယ်ဆိုတာ မိသားစုက သိရှိသွားပြီး ဒီဖြစ်ရပ်အတွက် ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အဲဒီနောက် ဂျမီလာဘီဘီ မီးဖွားတဲ့ညမှာ တာဝန်ကျတဲ့ ကျန်းမာရေးအဖွဲ့ဝင် အမျိုးသမီးကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအမျိုးသမီးက ဂျမီလာဘီဘီရဲ့ သမီးတစ်ယောက်ကို ခိုးခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ကလေးရှိတဲ့နေရာကို လိုက်ပြခဲ့ပါတယ်။ကလေးကို ဆေးရုံထဲမှ ခိုးထုတ်ဖို့ အခြားလုပ်ဖော်ကိုင်ဖက်နှစ်ဦးက ကူညီပေးခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သက် ၁၇ နှစ်ရှိနေပေမဲ့ ကလေးမရတဲ့ အဒေါ်အတွက် ကလေးခိုးပေးခဲ့တာလို့ ဒီအမျိုးသမီးက ဆိုပါတယ်။ အခုအချိန်မှာတော့ ရဲတပ်ဖွဲ့က အမျိုးသမီးလေးဦးလုံးကို ဖမ်းဆီးထားပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top