စိန်တန်ချိန် ၇၂၀၀၀ ရှိတဲ့မြို့

7.9-2022-yyl-09.jpg

ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ်ထဲက နော်ဒင်ဂန်မြို့ငယ်လေးမှာ ထူးခြားတဲ့သမိုင်းတွေ ရှိနေတယ်။ ကမ္ဘာမြေပေါ်ကို (ခန့်မှန်းခြေ) တစ်နာရီ ကီလိုမီတာ ၇၀၀၀၀ နှုန်းနဲ့ ကျလာတဲ့ ဥက္ကာခဲကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ဝှမ်းထဲမှာ တည်ထားတဲ့မြို့ပါ။ အဲဒီဖြစ်ရပ်ကြောင့် တစ်မြို့လုံးမှာ သေးငယ်တဲ့ စိန်ပွင့်တန်ချိန် ၇၂၀၀၀၀ လောက် ပြန့်ကြဲနေတယ်လို့ ခန့်မှန်းကြပါတယ်။ စိန်ဂျော့ဘုရားကျောင်းမှာပဲ စိန်ကာရက် ၅၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

သမိုင်းအလယ်ခေတ်ကတည်းက တည်ဆောက်ထားတဲ့ မြို့တံတိုင်းကလည်း ဒီနေ့အချိန်အအထိ အကောင်းအတိုင်း ရှိနေပါသေးတယ်။ ၁၆၁၈ ခုနှစ်ကနေ ၁၆၄၈ ခုနှစ်ကြား နှစ် ၃၀ တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း ဒီမြို့မှာ တိုက်ပွဲ ၂ ခု ဖြစ်ခဲ့ဖူးပါတယ်။ ကမ္ဘာပေါ်က တခြားနေရာတချို့မှာ ဥက္ကာခဲ ကျပြီး စိန်တွေ ပြန့်ကြဲနေတဲ့ဖြစ်စဉ်မျိုး ရှိခဲ့ဖူးပေမဲ့ နော်ဒင်ဂန်မြိုရဲ့ စိန်ပမာဏကိုတော့ မမီကြပါဘူး။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top