မိန်းကလေးတွေကို ဗီဒီယိုခိုးရိုက်တဲ့ကိစ္စ၊ ပြည့်တန်ဆာကိစ္စတွေနဲ့ စစ်ဆေးခံနေရတဲ့ ဆောင်ရီ

ss0.jpeg

နာမည်ကြီးကေပေါ့စ်အဖွဲ့ Big Bang ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဆောင်ရီ (Seungri) ဟာ Burning Sun ကလပ်ရဲ့ရှယ်ယာဝင်တစ်ယောက်ဖြစ်တာကြောင့် ရှုပ်ထွေးလှတဲ့ ပြဿနာတွေမှာ ပါဝင်မိနေပါတယ်။ သူဟာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပြည့်တန်ဆာရှာပေးဖို့ Burning Sun ရဲ့ ဝန်ထမ်းကို ပြောခဲ့ကြောင်း သတင်းတွေလည်းထွက်ခဲ့ပါတယ်။ ဆောင်ရီနဲ့ Burning Sun ရဲ့ ဝန်ထမ်း ကင်မ်တို့ရဲ့ Text Massage တွေ ပေါက်ကြားခဲ့တာကြောင့် အခုလိုသတင်းတွေထွက်လာတာပါ။

ဒီသတင်းထွက်ရှိလို့မှ မပြီးသေးခင် ဆောင်ရီဟာ နောက်ထပ်အရှုပ်တော်ပုံတစ်ခုမှာ ပါဝင်ခဲ့ပြန်ပါတယ်။ လျှို့ဝှက်ချက်မထားဘဲ အကြောင်းအရာမျိုးစုံကိုပြောကြတဲ့၊ မိန်းမတွေအကြောင်းကိုလည်း ပြောကြတဲ့ အဖွဲ့ဝင် (၈) ယောက် chat group မှာ ဆောင်ရီက အဖွဲ့ဝင်တစ်ယောက်ဖြစ်လို့နေပြန်ပါတယ်။ မိန်းကလေးတွေကို လျှို့ဝှက်ကင်မရာနဲ့ ခိုးရိုက်ထားတဲ့ဗီဒီယိုတွေကို အဲဒီchat groupမှာ ဖြန့်ခဲ့တာတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဗီဒီယိုတွေကို ဖြန့်ခဲ့တယ်လို့သတင်းထွက်ခဲ့တာက ဆောင်ရီတစ်ယောက်တည်းမဟုတ်ပါဘူး။ အဆိုတော် ဂျန်ဂျွန်ယောင် (Jung Joon Young) လည်းပါဝင်ပါတယ်။ ဂျန်ဂျွန်ယောင်ကတော့ မိန်းကလေးတွေကို လျှို့ဝှက်ကင်မရာနဲ့ ဗီဒီယိုခိုးရိုက်ပြီး chat groupထဲ ဖြန့်ခဲ့မိပါတယ်လို့ ဝန်ခံခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

အခုဆိုရင် ဆောင်ရီဟာ အဲဒီကိစ္စနှစ်ခုအတွက် စစ်ဆေးမေးမြန်းခံဖို့ ရဲစခန်းကို ဒီနေ့ ရောက်ရှိလာခဲ့ပါပြီ။ ရဲစခန်းထဲမဝင်ခင်မှာ ဆောင်ရီဟာ သတင်းထောက်တွေကို စကားအနည်းငယ်သာပြောခဲ့ပါတယ်။


“ကျွန်တော် ကိုရီးယားကလူတွေနဲ့ ဒီကိစ္စကြောင့်ထိခိုက်နာကျင်ခဲ့ရတဲ့လူတွေကို တောင်းပန်ချင်ပါတယ်။ ကျွန်တော် အခုပြောလို့ရတာထက် ပိုပါတယ်။ စုံစမ်းစစ်ဆေးမှုမှာ မှန်မှန်ကန်ကန်ဖြေဆိုသွားမှာပါ” လို့ ဆောင်ရီက ပြောခဲ့ပါတယ်။

ဒီကိစ္စနှစ်ခုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမေးမြန်းမှုတွေက ဘယ်လိုအဖြေထွက်လာမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: Seungri Arrives At Police Station For Investigation Regarding Hidden Camera Chatroom and Prostitution
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top