ပရဟိတလုပ်ငန်းတွေမှာ ဘီလျံချီပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး

190516113717-01-warren-buffett-0504-super-tease.jpg

နံပါတ် (၄) စာရင်းဝင် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဝါရင် ဘတ်ဖတ် (Warren Buffett) ဟာ သူ့ရဲ့ Berkshire Hathaway ကုမ္ပဏီက အမေရိကန်ဒေါ်လာ (၃.၆) ဘီလျံတန်တဲ့ ရှယ်ယာတွေကို ပရဟိတအဖွဲ့အစည်း (၅) ခုမှာ လှူဒါန်းနေတယ်လို့ သိရပါတယ်။

ဘတ်ဖတ်ရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ (၈၇) ဘီလျံကျော် ရှိတယ်လို့ Forbes နဲ့ Bloomberg သတင်းတွေအရ သိရပါတယ်။ သူက Bill & Melinda Gates, Susan Thompson Buffett, Sherwood, Howard G. Buffett နဲ့ NoVo ဖောင်ဒေးရှင်းတွေကို ရှယ်ယာတွေ ပေးအပ်နေတာဖြစ်ပါတယ်။

Susan Thompson Buffet ဖောင်ဒေးရှင်းကို ဝါရင် ဘတ်ဖတ် ရဲ့ ဇနီးဟောင်း ဆူဆန် သွန်ဆန် ဘတ်ဖတ် (Susan Thompson Buffett) က စီမံနေတာဖြစ်ပြီး အခြားပရဟိတသုံးခုကို ဘတ်ဖတ်ရဲ့ ကေလေးတွေဖြစ်တဲ့ ဆူဆန်၊ ဟောဝက်ဒ်၊ ပီတာ နဲ့ သူတို့ရဲ့မိသားစုတွေက တာဝန်ယူထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဘတ်ဖတ်က အဲဒီပရဟိတ (၅) ခုကို Berkshire စတော့စ်ရဲ့ အမေရိကန်ဒေါ်လာ (၃.၄) ဘီလျံကို လှူဒါန်းခဲ့ပါတယ်။ အဲဒီလိုလှူဒါန်းမှုမျိုးက Bill and Melinda Gates ဖောင်ဒေးရှင်းကို Berkshire Hathaway ရဲ့ ရှယ်ယာအများဆုံးရှယ်ယာရှင်တွေထဲမှာ ပါဝင်လာစေခဲ့ပါတယ်။ The Bill and Melinda Gates ဖောင်ဒေးရှင်းက ပရဟိတတွေမှာ လှူဒါန်းဖို့အတွက် Berkshire ရဲ့ရှယ်ယာ သန်း (၆၀) ကို ရောင်းပစ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဘတ်ဖတ်က သူ့ရဲ့ရှယ်ယာတွေကို ပရဟိတတွေမှာ လှူဒါန်းနေခဲ့တာ ၂၀၀၆ ခုနှစ် ကတည်းကပါပဲ။ ဘတ်ဖတ်ရဲ့ လှူဒါန်းမှုတန်ဖိုးက စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၄) ဘီလျံ ရှိတယ်လို့ တနင်္လာနေ့ရဲ့ သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။

၂၀၁၀ခုနှစ်မှာ ဘတ်ဖတ်က Bill and Melinda Gates နဲ့အတူ The Giving Pledge အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ် စီအီးအို မာ့ခ် ဇက်ကာဘာ့ဂ် (Mark Zuckerberg) နဲ့ ဇနီး ပရစ်ဆီလာချန်း(Priscilla Chan)၊ Tesla (TSLA) ရဲ့ စီအီးအို အီလွန်မာ့စ် (Elon Musk)၊ Oracle (ORCL) ရဲ့ တည်ထောင်သူတွေ ဖြစ်တဲ့ လယ်ရီ အယ်လစ်ဆင် (Larry Ellison) နဲ့ မက္ကင်ဇီ ဘီဇို့စ် (MacKenzie Bezos) တို့အပါအဝင် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် (၂၀၀) ကျော်က ဒီအဖွဲ့အစည်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Ref: CNN “Warren Buffett is donating $3.6 billion more to charity”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top