ဝူဟန်မြို့သူတစ်ယောက်က ဆေးသောက်ပြီး ပဲရစ်လေဆိပ်ရဲ့ ကျန်းမာရေးစစ်ဆေးမှုကို ဖြတ်ကျော်

yyl-009-15.jpg

ဆေးသောက်ပြီး လေဆိပ်ရဲ့ ကျန်းမာရေးစစ်ဆေးမှုကို ကျော်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ ဝူဟန်မြို့က အမျိုးသမီးတစ်ယောက်ကို ပါရီမြို့မှာရှိတဲ့ တရုတ်သံရုံးက ခြေရာခံရှာဖွေနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ အဖျားရောဂါ ခံစားခဲ့ရပေမဲ့ ရောဂါလက္ခဏာမပြအောင် ဆေးနဲ့ထိန်းနိုင်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက လူမှုကွန်ရက်ပေါ် ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက ပြင်သစ်မီချီလင် ကြယ်ပွင့်ရ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားနေတဲ့ဓာတ်ပုံတွေ တင်ခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ လေကြောင်းခရီးစဉ်တွေ မဆိုင်းငံ့ခင် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်မြို့ကနေ ထွက်ခွာလာခဲ့သူပါ။ ဇန်နဝါရီလ ၂၃ ရက်ကစပြီး ဝူဟန်မြို့ရဲ့ အများပြည်သူ ပို့ဆောင်ရေးစနစ်တွေကို ပိတ်ပစ်ခဲ့ပြီး ဒေသခံတွေအနေနဲ့ ဝူဟန်မြို့ကနေ ထွက်ခွာမသွားကြဖို့ ပြောထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် အနည်းဆုံးသေဆုံးသူ ၂၅ ယောက်ရှိနေပြီး တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နိုင်ငံတွေအထိ ကူးစက်ပျံ့နှံ့နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top