စပိန်နိုင်ငံမှာ အင်အားပြင်းမုန်တိုင်းတိုက်လို့ သေဆုံးသူ ၁၃ ယောက်ရှိလာ

yyl-010.png

စပိန်နိုင်ငံ တချို့ဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်စေခဲ့တဲ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ဂလိုရီယာမုန်တိုင်း(Gloria)ကြောင့် ရေကြီးရေလျှံပြီး လမ်းတွေ ရေတိုက်စားခံရလို့ လူ ၄ ယောက် ပျောက်ဆုံးနေတယ်လို့ စပိန်နိုင်ငံအာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံစားခဲ့ရတဲ့ အရှေ့ပိုင်းဒေသတွေနဲ့ လှိုင်းလုံးကြီးတွေ ပုတ်တဲ့ဒဏ် ခံစားခဲ့ရတဲ့ မာယော့ကာကျွန်းကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကို တုံ့ပြန်လှုပ်ရှားဖို့အတွက် ဒီကနေ့(သောကြာနေ့)မှာ စပိန်အစိုးရက အရေးပေါ်အစည်းအဝေးကျင်းပမှာပါ။ လူအင်အား၊ ငွေအင်အားနဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ချွေတာနေမှာမဟုတ်ဘူးလို့ ပက်ဒရိုဆန်းချက်ဇ်က ပြောပါတယ်။ ရာသီဥတုပြောင်းလဲမှုကလည်း အင်အားပြင်းမုန်တိုင်း တိုက်ခိုက်စေတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ပက်ဒရိုဆန်းချက်ဇ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top