SHINee’ ရဲ့ အဖွဲဝင်တစ်ဦးဖြစ်သူ တေးမင် 2017 KBS Song Festival ပွဲပါဝင်နိုင်မှာမဟုတ်

Taemin.jpg

တောင်ကိုရီးယားနာမည်ကျော် အမျိုးသား ဂီတအဖွဲ့ဖြစ်တဲ့ SHINee ရဲ့အဖွဲဝင်တစ်ဦးဖြစ်သူ တေးမင် ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ 2017 KBS Song Festival ဂီတဖျော်ဖြေပွဲကိုတက်ရောက်နိုင်မှာမဟုတ်ဘူးလို့တောင်ကိုရီးယားမီဒီယာတွေကဖော်ပြပါတယ်။

2017 KBS Song Festival က ထုတ်ပြန်ချက်မှာ Hwang Chi Yeol, HyunA, နဲ့ တေးမင်တို့ ရဲ့ အကြံပေးပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြင်ဆင်တာတွေလုပ်နေတာလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် တေးမင် ဟာ အခြေနေအမျိုးမျိုးကြောင့် ဂီတဖျော်ဖြေပွဲကို ပါဝင်နိုင်မှာမဟုတ်တော့ဘူးလို့ဖော်ပြခဲ့ပါတယ်။ တေးမင်ဟာ အနားယူဖို့ လိုအပ်နေတာကြောင့် ပွဲကို မတက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

2017 KBS Song Festival အဖွဲ့က လက်ရှိအချိန်မှာတေးမင်ကို ပွဲမှာ ပါဝင်စေဖို့ အများကြီးလိုအပ်ခဲ့ပေမယ်လည်း တေးမင် ပါဝင်သီဆိုဖို့ စောင့်ဆိုင်းနေခဲ့တဲ့ ပရိတ်သတ်တွေကို တောင်းပန်ပါတယ်လို့ ပြန်တောင်းပန်သွားခဲပါတယ်။ ပရိသတ်တွေအနေနဲ့ ဆုံးဖြတ်ချက်တွေကိုလည်းနားလည်မယ်လို့ ယုံကြည်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Soompi : SHINee’s Taemin Will Not Be Attending 2017 KBS Song Festival

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top