ပရိသတ် ၂ သန်း လာရောက်အားပေးခဲ့တဲ့ ရှာကီရာရဲ့အခမဲ့ ဖျော်ဖြေပွဲ

shaka.jpg

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှ နာမည်ကျော် ကိုပါကာဘာနာကမ်းခြေမှာ ကျင်းပခဲ့တဲ့ ရှာကီရာရဲ့ အခမဲ့ဖျော်ဖြေပွဲမှာ ပရိသတ် ၂ သန်း လာရောက်အားပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ တေးစီးရီးအမည်ကို အစွဲပြုပြီး Las Mujeres Ya No Lloran (Women No Longer Cry)လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲ တစိတ်တပိုင်းအဖြစ် ပြီးခဲ့တဲ့စနေနေ့ညမှာ ရှာကီရာက ကိုပါကာဘာနာကမ်းခြေ ဂီတဖျော်ဖြေပွဲ ကျင်းပခဲ့တာပါ။ ဒါဟာ သူ့ရဲ့အနုပညာသက်တမ်းတလျှောက် ပရိသတ်အများဆုံး ဖျော်ဖြေပွဲအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

ရှာကီရာဟာ ၁၉၉၀ ပြည့်နှစ်များအတွင်း ဘရာဇီးမှာ ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေခဲ့စဉ်ကတည်းက ဘရာဇီးပရိသတ်တွေနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဖျော်ဖြေပွဲကလည်း အင်မတန်အောင်မြင်ခဲ့ပါတယ်။

Ref: Shakira performs free concert to a crowd of 2 million on Brazil’s Copacabana Beach

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top