မုန်တိုင်း တိုက်ခတ်မှုကြောင့် မြောက်ကာရိုးလိုင်းနားပြည်နယ်ရှိ နေရာ ၈ ခုကို သဘာ၀ ဘေးအန္တရာယ်ကျရောက်မှုဇုံအဖြစ် သတ်မှတ်

41913915_2001924029863727_7736687244991266816_n.jpg

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ မြောက်ကာရိုးလိုင်းနားက နေရာ ၈ ခုကို သဘာ၀ဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေအဖြစ် ကြေညာလိုက်ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံ အရှေဘက်ပိုင်း ကမ်းရိုးတန်းနဲ့ မြောက်ကာရိုးလိုင်းနားကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က အင်အားပြင်း ဖလောရမ့်စ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်နေပါတယ်။

အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ ရေကြီးမှုဒဏ်ကို ဒေသခံတွေ တွေကြုံနေရတယ်လို့ သတင်းတွေကဖော်ပြခဲ့ပြီး မုန်တိုင်းစတင်တိုက်ခတ်ပြီးနောက် ၂ ရက်အတွင်း မြောက်ကာရိုးလိုင်းနားမှာ မိုးရေချိန် ၂ ပေ ကျော်ရေကြီးနေပြီး အချို့နေရာတွေမှာ ၃ ပေခွဲကျော် ရေကြီးနေပါတယ်။ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အနည်းဆုံးလူပေါင်း ၁၂ ဦးသေဆုံးသွားခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြထားပါတယ်။

မြောက်ကာရိုးလိုင်းနား ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုးကော်ပါးက မိုးရေချိန်မြင့်တက်နေပြီး နေရာအချို့မှာ မိုးရေချိန်လက်မ တိုင်းတာနေတယ်လို့ ပြောပါတယ်။ သဘာဝဘေးအန္တာရယ် ကျရောက်တဲ့ဒေသအဖြစ် သတ်မှတ်လိုက်တဲ့နေရာတွေကို ဖက်ဒရယ် ရန်ပုံငွေသုံးကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဖလောရမ့်စ်မုန်တိုင်း ဟာတစ်နာရီလေတိုက်နှုန်း ၁၉၃ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်ပြီး မုန်တိုင်းတိုက်ရာ လမ်းကြောင်းတစ်လျှောက်မှာနေထိုင်တဲ့ လူပေါင်း ၁၀ သန်းကျော် မုန်တိုင်းဒဏ်ကို တွေကြုံခံစားခဲ့ရတယ်လို့သိရပါတယ်။

Ref: bbc “Epic amounts of rain unloaded on Carolinas”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top