ကမ္ဘာ့ဖလားနဲ့အတူ ဘောလုံးစွမ်းရည်ပြသနေကြတဲ့ ပန်ဒါဝက်ဝံလေးတွေ

panda-to-tree.jpg

၂၀၁၈ ကမ္ဘာ့ဖလားကြီးကတော့ ရုရှားနိုင်ငံမှာ မကြာခင်အချိန်အတွင်းမှာပဲ ဖွင့်ပွဲအခမ်းအနားတွေကို စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ရှိနေပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားနဲ့အတူ တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ဆီချွမ် စီရင်စုက ပန်ဒါဝက်ဝံပေါက်လေးတွေရဲ့ ဘောလုံးကစားတဲ့ စွမ်းရည်ကလည်း ကမ္ဘာလှည့်ခရီးသည်တွေအတွက် စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

ဒီပန်ဒါဝက်ဝံလေးတွေဟာ ၂၀၁၇ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဘောလုံးအလှပြ စွမ်းရည်ကို တရုတ် ပန်ဒါဝက်ဝံ ရှာဖွေထိန်းသိမ်းရေးစင်တာနဲ့ ၂၀၁၈ ရုရှားမှာ ပြုလုပ်သွားမယ့် ကမ္ဘာ့ဖလားအတွက် တရုတ်နိုင်ငံ Ipanda ရုပ်သံလိုင်းမှာ ဘောလုံးစွမ်းရည် ပြသတဲ့ အစီအစဉ်အဖြစ် ဇွန်လ ၁၄ ရက်နေ့ကနေ စပြီး တင်ဆက်လျက်ရှိပါတယ်။

ဒီအစီအစဉ်ဟာ ဘောလုံးအားကစားကို ချစ်မြတ်နိုးသူတွေကို ပန်ဒါဝက်ဝံလေးတွေအပေါ် ရင်းနှီးချစ်ခင် စိတ်တွေဖြစ်လာပြီး ပန်ဒါဝက်ဝံတွေအပေါ်မှာ စိတ်ဝင်စားမြင့်တက်လာစေဖို့ ရည်ရွယ်ကာ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

မကြာခင်ကျင်းပတော့မယ့် ကမ္ဘာ့ဖလားကို လူတွေ စိတ်ဝင်စားမှု မြင့်တက်နေချိန်မှာ ပန်ဒါလေးတွေရဲ့ ဘောလုံးစွမ်းရည်ပြသမှု လှုပ်ရှားမှုတွေကို တင်ဆက်ကာ နိုင်ငံတစ်ဝန်းက ဘောလုံးချစ်သူပရိတ်သတ်တွေကို ပန်ဒါဝက်ဝံလေးတွေ အကြောင်း ပိုမိုသိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ ဆိုပါတယ်။

 

Ref : CGTN “Kicking the World Cup right off with giant panda cubs”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top