ရာသီဝက်ကာလမှာ ရလဒ်ကောင်းတွေရခဲ့လို့ လီဗာပူးနည်းပြက ကစားသမားတွေကို အားလပ်ခွင့်တစ်ပတ်ပေး

yyl-017-10.jpg

ပရီးမီးယားလိဂ် ဆောင်းရာသီအားလပ်ရက်မှာ လီဗာပူးအသင်းသားတွေကို ပူနွေးတဲ့ရာသီ လေ့ကျင့်ခန်းအစီအစဉ် ခေါ်ဆောင်မသွားဘဲ အနားပေးဖို့ နည်းပြ ဂျာဂန်ကလော့က ဆုံးဖြတ်ခဲ့ပါတယ်။ နည်းပြ ဂျာဂန်ကလော့ဟာ လီဗာပူးအသင်းကို စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီလမှာ သူ့ရဲ့အသင်းသားတွေကို ပူနွေးတဲ့ရာသီ လေ့ကျင့်ခန်းအစီအစဉ်အတွက် စပိန်နိုင်ငံကို ခေါ်ဆောင်သွားလေ့ရှိပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီဝက်ကာလ အားလပ်ရက်သစ် ဖန်တီးခဲ့လို့ လီဗာပူးအနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆောက်သမ်တန်အသင်းနဲ့ ကစားပြီးရင် သီတင်းပတ် ၂ ပတ် အနားယူရမှာပါ။ ဒါပေမဲ့ ရာသီဝက်ကာလမှာ ခြေစွမ်းပြခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နည်းပြဂျာဂန်ကလော့က အသင်းသားတွေကို တစ်ပတ်ကြာ အားလပ်ခွင့်ပေးခဲ့တယ်လို့ Evening Standard သတင်းဌာနက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top