ကားတွေကို ဂတ်စ်ဖြည့်ပေးမယ့် စက်ရုပ်လက်တံ

28.2.2023-image-2.jpg

ဂတ်စ်ဆိုင်တွေမှာ ကားတွေကို အလိုအလျောက် ဂတ်စ်ဖြည့်ပေးနိုင်မယ့် စက်ရုပ်လက်တံကို ဒိန်းမတ်ကုမ္ပဏီ Autofuel က ဖန်တီးခဲ့ပါတယ်။ စက်ရုပ်လက်တံက လူသားရဲ့ အကူအညီမပါဘဲ ကားရဲ့လောင်စာဆီတိုင်ကီကို ရှာဖွေပြီး ကိုက်ညီတဲ့ လောင်စာဆီအမျိုးအစားကို ရွေးချယ်ထည့်ပေးနိုင်စွမ်း ရှိပါတယ်။

အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့ လောင်စာဆီတွေကို လူသားတွေ ထိတွေ့မှု လျှော့ချနိုင်စေဖို့၊ လူသားတွေလို ပင်ပန်းနွမ်းနယ်မှုဒဏ် မခံစားရဘဲ တစ်နေ့တာလုံး အလုပ်လုပ်နိုင်စေဖို့ ရည်ရွယ်ပြီး Autofuel ကုမ္ပဏီက ဂတ်စ်ဆိုင်သုံး စက်ရုပ်လက်တံကို ၂၀၁၈ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာပါ။

Autofuel ကုမ္ပဏီရဲ့ တတိယမျိုးဆက် စက်ရုပ်လက်တံကို တစ်နှစ်ကျော်ကြာ စမ်းသပ်ခဲ့ပြီး ယခုနှစ်နောက်ပိုင်းကျရင် အများပြည်သူသုံး နေရာတွေမှာ စတင်စမ်းသပ်ဖို့ စီစဉ်နေပါတယ်။

လက်ရှိအချိန်မှာတော့ ဖင်လန်နိုင်ငံမှာရှိတဲ့ နက်စတီဂတ်စ်ဆိုင်က ကမ္ဘာပေါ်မှာ Autofuelရဲ့ စက်ရုပ်လက်တံအသုံးပြုပြီး ဂတ်စ်ဖြည့်ပေးနေတဲ့ တစ်ခုတည်းသော ဂတ်စ်ဆိုင်ဖြစ်ပါတယ်။

Ref: This Robotic Arm Will Refuel Your Car So You Don’t Have To

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top