iPhone 8 နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ အကုန်ပေါက်ကြားခဲ့တဲ့ Apple

applestore.jpg

Apple ဟာ သူ့ရဲ့ နောက်ဆုံးပေါ်  iPhone ကို ဒီကနေ့(အင်္ဂါနေ့) မှာ မိတ်ဆက်သွားမှာ ဖြစ်ပေမဲ့ သူမိတ်ဆက်ဖို့ စီစဉ်ထားတဲ့  iPhone ၃ လုံး (iPhone 8၊ iPhone 8 Plus နဲ့နည်းပညာမြင့် iPhone X အပါအဝင်) ရဲ့ အသေးစိတ် အချက်အလက်များဟာ  ပေါက်ကြားသွားခဲ့ပါတယ်။ ဒီလို ပေါက်ကြားသွားခဲ့တဲ့အတွက် Apple အနေနဲ့ သူ့ရဲ့ ပရိတ်သတ်တွေအတွက် အံ့အားသင့်စရာ  အချက်တွေ ကျန်သေးရဲ့လား ဆိုတာ စိတ်ဝင်စားစရာပါပဲ။

ပေါက်ကြားခဲ့တဲ့ သတင်းအချက်အလက်တွေအရ ယခုထွက်ရှိလာမယ့် iPhone 8၊ iPhone 8 Plus နဲ့ iPhone X တို့မှာ  အသေးစိတ် မျက်နှာကို စစ်ဆေးနိုင်တဲ့ စနစ်တစ်ခု ပါဝင်လာမှာ ဖြစ်တယ် လို့သိရပါတယ်။ ဒီမျက်နှာကို စစ်ဆေးနိုင်တဲ့ စနစ်ဟာဆိုရင် မျက်နှာကို အသေးစိတ် မှတ်သားနိုင်မှာဖြစ်ပြီး Apple Store များမှ ငွေပေးချေမှုများကို facial recognition စနစ်ဖြင့် လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ သတင်းထွက်ပေါ်လာတဲ့အတိုင်း ဆိုရင်တော့ Apple ရဲ့ facial recognition စနစ်ဟာ လက်ဗွေရာစနစ်များကို နောက်ကောက်ချနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုထွက်ရှိလာမယ့် iPhone  8၊ iPhone 8 Plus နဲ့ iPhone X တို့ မိတ်ဆက်ပြီးတဲ့နောက်မှာ iOS 11 Update ကို ဆက်လက်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုထွက်ရှိလာမယ် iPhone တွေမှာ အသုံးပြုသူရဲ့ မျက်နှာကို ထောက်လှမ်းပြီး ပုံဖော်ပေးထားတဲ့ Animoji ဆိုတဲ့ လုပ်ဆောင်ချက် တစ်ရပ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ နည်းပညာမြင့် iPhone X မှာပါဝင်တဲ့ လုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ “Portrait Lighting” ဟာ 4k အရည်အသွေးရှိ ဓာတ်ပုံများကို 60 fps နှုန်းနဲ့ ရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Apple ဟာ သူကုမ္ပဏီရဲ့ နည်းပညာဆိုင်ရာ လျှို့ဝှက်ချက်များကို ထိန်းသိမ်းဖို့ ကြိုးစားလေ့ရှိပြီး ကုန်ပစ္စည်းမိတ်ဆက်ပွဲကျမှ ပရိတ်သတ်များကို ထုတ်ပြလေ့ရှိပါတယ်။ ဒါ့ပေမဲ့ Apple ရဲ့ Device အသစ်များနဲ့ပတ်သတ်တဲ့ အချက်အလက်များဟာ ဩဂုတ်လထဲက ပေါက်ကြားနေခဲ့တာဖြစ်ပါတယ်။ ဒီလို  သတင်းအချက်အလက်တွေ ပေါက်ကြားကုန်တဲ့အတွက် Apple အသုံးပြုသူများရဲ့ မျှော်လင့်တကြီး စောင့်မျှော်မှုတွေဟာ ပျက်ဆီးခဲ့ရပါတယ်။ Apple ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး မှတ်ချက်ပေးခြင်းမရှိခဲ့ပါဘူး။

Apple ရဲ့ ကုန်ပစ္စည်းများကို စောင့်ကြည့်လေ့လာသူ တစ်ဦးကတော့ အခုလို ခိုင်လုံတဲ့ သတင်းတွေ ပေါက်ကြားခဲ့တဲ့အတွက် အသုံးပြုသူများရဲ့ ရင်ခုန် စိတ်လှုပ်ရှားမှု လျော့နည်းနိုင်ပေမဲ့ ဒီပစ္စည်းတွေရဲ့ ရောင်းအားကိုတော့  မထိခိုက်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Ref : BBC News :  iPhone 8 secrets spilled by Apple’s superleak

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top