Tom & Jerry ကာတွန်းကား တွေကို ဘယ်လို စတင် ဖန်တီးခဲ့သလဲ

tom-1.jpg

ကာတွန်းဆိုတာနဲ့ ကြောင်နဲ့ ကြွက်  (Tom & Jerry ) ကို အရင်ဆုံးပြေးမြင်တဲ့သူ ရိုးရာလေး ပရိတ်သတ်တွေထဲ ဘယ်နှစ်ယောက်လောက်ရှိမလဲ။ ဟုတ်ပါတယ်။ Tom & Jerry လို့ခေါ်တဲ့ ကြောင်နဲ့ ကြွက် ကာတွန်းကားလေး တွေက အလွန်အောင်မြင်ခဲ့ပြီး ကလေးဘဝရဲ့ အမှတ်တရတွေထဲ တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ Tom & Jerry ကာတွန်းကားလေးတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းအရာ လေးတွေကို ဖော်ပြပေးပါရစေ။

Tom & Jerry ကာတွန်းလေးတွေကို ဖန်တီးခဲ့တဲ့ ဖန်တီးရှင်တွေကတော့ Hanna-Barbera ထုတ်လုပ်ရေးရဲ့ ပိုင်ရှင် ဝီလီယမ် ဟန်နာ (William Hanna) နဲ့ ဂျိုးဇက် ဘာဘဲရာ (Joseph Barbera) တို့နှစ်ဦးပဲ ဖြစ်ပါတယ်။ ဒီ့ ကြောင်နဲ့ ကြွက် ကာတွန်းကို စတင်ဖြစ်ဖို့ ရခဲ့တဲ့ စိတ်ကူးလေးကတော့ အဆန်းပါပဲ။ တစ်နေ့မှာ ဝီလီယမ် ဟန်နာဟာ မီးဖိုချောင်ထဲမှာ ကြွက်ကို လိုက်နေတဲ့ ကြောင်ကို မြင်လိုက်ပါတယ်။ ဒါက ဘာမှ မဟုတ်ဘူးလို့ ထင်လိုက်မိ မှာပါပဲ။ ဒါပေမယ့် ဒီဖြစ်ရပ်ကလေးကနေ စိတ်ကူးရခဲ့ပြီး ကြောင်နဲ့ ကြွက်ကာတွန်း စီးရီးကို ၁၉၃၂ မှာ စတင် အကောင်အထည် ဖော်ဖြစ် ခဲ့ပါသတဲ့။ အဲ့ဒီ အချိန်ကာလမှာ ကတည်းက့ ကြောင်နဲ့ ကြွက် ကို ဇာတ်ကောင် ထားပြီး ရေးဆွဲထားတဲ့ ကာတွန်းတွေ အောင်မြင် နေတာတွေ လည်း ရှိခဲ့တော့ သူတို့ ရဲ့ Tom & Jerry က စ တင်ခဲ့တဲ့ အချိန်မှာပဲ ဝေဖန်သူတွေ မျက်စိကျစရာဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့် သူတို့နှစ်ဦးကတော့ လက်မလျှော့ဘဲ Tom & Jerry ကို ဆက်လက် ဖန်တီး ဖြစ်ခဲ့ ကြပြီး ၁၉၄၀ ခုနှစ်မှာတော့ သူတို့ရဲ့ ပထမဆုံ့း ကြောင်နဲ့ ကြွက် ကာတွန်း “ Pussy gets the Boot” ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ ပါဝင်တဲ့ ကြောင်နဲ့ ကြွက် ရဲ့ နာမည်တွေက Tom နဲ့ Jerry မဟုတ်ခဲ့သေးဘဲ Jasper (ကြောင်) နဲ့ Jinx (ကြွက်) လို့ပဲ ဖြစ်ပါတယ်။ ဒီကာတွန်းကပဲ Tom & Jerry ဆိုတာကို ဖြစ်လာစေခဲ့တာပါ။ အဲ့ဒီ ကာတွန်းကို အခြေခံပြီး သူတို့နှစ်ဦးဟာ ၁၉၄၀ ခုနှစ်ကနေ စတင်ပြီးတော့ Tom & Jerry ကို ဆက်လက် ဖန်တီး ဖြစ်ခဲ့တော့တာပါပဲ။ သူတို့ နှစ်ဦးအနေနဲ့ Tom & Jerry ကာတွန်း ၁၁၄ ပိုင်းကို ၁၉၄၀ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ဖန်တီးခဲ့ကြတာဖြစ်ပြီး အဲ့ဒီ ကာလ အတွင်းမှာပဲ အော်စကာဆု ခုနှစ်ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

ဝီလီယမ် ဟန်နာ နဲ့ ဂျိုးဇက် ဘာဘဲရာ တို့ ကြောင်နဲ့ ကြွက် ကာတွန်းတွေကို ဖန်တီးခဲ့စဉ်က နည်းပညာတွေလည်း အခုထိ မတိုးတက်သေးတဲ့အတွက် သူတို့ နှစ်ဦးဟာ ငါးမိနစ်စာ Tom & Jerry ကာတွန်း အတွက် လိုအပ်တဲ့ ကာတွန်းပုံပေါင်း ၇၂၀၀ ကို လက်နဲ့ ကိုယ်တိုင် ရေးဆွဲခဲ့ရတာပဲ ဖြစ်ပါတယ်။
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top