ရခိုင်က စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာာပြတ်လပ်မှုတွေဖြစ်ပွားနေ

5a6704fd3.jpg

ရန်ကုန်၊ သြဂုတ် (၂၆)

ရခိုင်ပြည်နယ် မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင်ပြီး ရိက္ခာပြတ်လပ်မှုတွေဖြစ်ပွားနေတယ်လို့ United Nations OCHA က ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ အခြားနေရာတွေက လူသားချင်းစာနာမှုလုပ်ငန်းတွေဟာ သွားလာခွင့်၊ ငွေသားအခက်အခဲနဲ့ Covid-19 ကာကွယ်တားဆီးရေး ကန့်သတ်ချက်တွေကြောင့် လုပ်ဆောင်ရတာ ခက်ခဲနေတာဖြစ်တဲ့အတွက် အခုလို ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာပြတ်လတ်မှုတွေဖြစ်ပွားနေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တပ်မတော်နဲ့ ရခိုင်ပြည်နယ်တပ်မတော်တို့ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ် မြို့နယ် (၈) ခုမှာ စစ်ဘေးရှောင်စခန်း (၉၃) ခုရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ နေထိုင်နေရသူ ပြည်သူ (၈၀၀၀၀) ဝန်းကျင်ထဲက လူဦးရေ တစ်ဝက်ကျော်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အရေးပေါ်နေအိမ်အမိုးအကာဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ UNHCR က ပံ့ပိုးပေးခဲ့ပါသေးတယ်။

အခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းက စတင်ပြီး အကြမ်းဖက်မှု၊ တိုက်ပွဲနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် လူဦးရေ (၁၇၀,၂၀၀) ဝန်းကျင်က မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာရှိတဲ့ ယာယီစခန်းတွေမှာ နေထိုင်နေကြရပါတယ်။

Photo- UNHCR
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top