ရီးရဲလ်ဘက်ကို ဒိုင်ကူနေတယ်ဆိုတဲ့ ပီကေးရဲ့ဝေဖန်မှုကို ရာမို့စ် တုံ့ပြန်

25-6-2020-yyl-019.jpg

VAR စနစ်နဲ့ ဒိုင်တွေက ရီးရဲလ်အသင်းဘက်ပါနေလို့ ရီးရဲလ်အသင်း လာလီဂါချန်ပီယံမဖြစ်အောင် တားဆီးနိုင်ဖို့ ခက်ခဲတယ်လို့ ဝေဖန်ခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ ပီကေးကို ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က တုံ့ပြန်သွားခဲ့ပါတယ်။ ရီးရဲလ်ဟာ မာယော့ကာကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘာစီလိုနာနဲ့ အမှတ်တူဖြစ်ခဲ့ပေမဲ့ ထိပ်တိုက်တွေ့ဆုံမှု အသာစီးရယူနိုင်ခဲ့လို့ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းက လာလီဂါအမှတ်ပေးဇယားကို တစ်ကျော့ပြန် ဦးဆောင်ခွင့်ရလာချိန်မှာ လူတွေက ဒိုင်တွေနဲ့ပတ်သက်ပြီး စိတ်ကူးထင်ရာမြင်ရာတွေကို လျှောက်ပြောလာကြတယ်လို့ ရာမို့စ်က ပြောပါတယ်။

” အမှတ်ပေးဇယားကို ကျွန်တော်တို့ တစ်ကျော့ပြန် ဦးဆောင်လာလို့ မီဒီယာတွေမှာ ဆူညံ့သံတွေရှိလာပါတယ်။ အရင်တုန်းက သူတို့ဒီလောက် စကားမများပါဘူး။ အခုတော့ VAR ကို ပြောလိုပြောနဲ့ပေါ့။ ဒါပေမဲ့ ဒီရာသီက အသင်းတစ်သင်းက မျက်နှာသာပေးခံရတယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့လည်း ဒီအသံတွေကို ဂရုစိုက်နေမှာမဟုတ်ပါဘူး။ ဒိုင်တွေက သူတို့ကြိုတွက်ထားသလို ဆုံးဖြတ်နေကြတယ်လို့ ကျွန်တော် မထင်ပါဘူး”လို့ ရာမို့စ်က ပြောပါတယ်။ မာယော့ကာနဲ့ပွဲမှာ တစ်ဂိုးသွင်းနိုင်ခဲ့တဲ့ ရာမို့စ်ဟာ (လွန်ခဲ့တဲ့ ၁၃ နှစ်က အက်စ်ကွီရယ်ဂါရေးနောက်ပိုင်း) လာလီဂါပြိုင်ပွဲမှာ တစ်ရာသီအတွင်း ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးနောက်ခံလူ ဖြစ်လာခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top