ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ခဲ့တဲ့ မန်စီးတီး

ff1-1.jpg

မန်စီးတီးဟာ ရာသီသိမ်းပွဲစဉ်မှာ ဘရိုက်တန်ကို (၁-၄) ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးသွားခဲ့ပါတယ်။ ဘရိုက်တန်အတွက် ဂလန်းမာရေးက အဖွင့်ဂိုးသွင်းခဲ့ပေမဲ့ တစ်မိနစ်အကြာမှာပဲ အဂူရိုက ချေပဂိုး ပြန်သွင်းခဲ့ပြီး လာပေါ်တေး၊ မာရက်ဇ်၊ ဂန်ဒိုဂန်တို့က အနိုင်ဂိုးတွေ သွင်းယူခဲ့တာပါ။

မန်စီးတီးဟာ ၂၀၀၈၊ ၂၀၀၉ ရာသီတွေမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ မန်ယူအသင်းနောက်ပိုင်း ချန်ပီယံဆုကိုကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာပါတယ်။ ချန်ပီယံဆုကာကွယ်နိုင်ခဲ့တဲ့ အသင်းသားတွေကို မန်စီးတီးအသင်းပိုင်ရှင်က ဆုကြေးငွေ ပေါင် (၁၅) သန်း ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်ခဲ့တဲ့ လီဗာပူးဟာ ဝုဗ်ကို (၂) ဂိုးပြတ်အနိုင်ယူပြီး အသင်းသမိုင်းတစ်လျှောက် ရမှတ်အများဆုံးအဖြစ် (၉၇ မှတ် ရယူနိုင်ခဲ့) နဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်က အဝေးကွင်းမှာ ဘန်လေကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့ပြီး မန်ယူကတော့ တန်းဆင်းရပြီးသားဖြစ်တဲ့ ကာဒစ်ဖ်ကို
အိမ်ကွင်းမှာ (၂) ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ စပါးက အဲဗာတန်နဲ့ (၂) ဂိုးစီ သရေကျခဲ့ပြီး လက်စတာနဲ့ ချဲလ်ဆီးကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။

ဂိုးသွင်းအများဆုံးကစားသမားကိုချီးမြှင့်တဲ့ ရွှေဖိနပ်ဆုကိုတော့ ဒီနှစ်ဘောလုံးရာသီမှာ သွင်းဂိုး (၂၂) ဂိုးစီသွင်းယူနိုင်ခဲ့ကြတဲ့ ဆာဒီယိုမာနေး (လီဗာပူး)၊ မိုဟာမက် ဆာလာ (လီဗာပူး) နဲ့ အူဘာမီယန် (အာဆင်နယ်) တို့သုံးဦးက ပူးတွဲဆွတ်ခူးသွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top