ဇနီးချောလေးအတွက် ရည်ရွယ်ပြီး တက်တူး (၇၀) လောက် ထိုးထားတဲ့ ဘရွတ်ကလင်းဘက်ခမ်း

19-8-2022-yyl-07.jpg

ဘရွတ်ကလင်းဘက်ခမ်းနဲ့ နီကိုလာပက်ဇ်

ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းရဲ့သားအကြီး ဘရွတ်ကလင်းဘက်ခမ်းဟာ သူ့ဇနီးဖြစ်သူ နီကိုလာပက်ဇ်အပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာကို တက်တူးတွေနဲ့ အမှတ်အသားလုပ်ထားပါတယ်။ သူ့ရဲ့လက်က “Married” ဆိုတဲ့စကားလုံးကတော့ နောက်ဆုံးထိုးထားတဲ့တက်တူးပါပဲ။

နီကိုလာ ရေးထားတဲ့ အချစ်စာစုတက်တူး

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ ထိုးထားတဲ့ တက်တူး (၁၀၀) မှာ (၇၀) လောက်က သူ့ဇနီးအတွက် ရည်ရွယ်ပြီး ထိုးထားတာလို့ ဘရွတ်ကလင်းဘက်ခမ်းက ပြောခဲ့တာပါ။ သူ့ရဲ့ရင်ဘတ်မှာ ဇနီးဖြစ်သူရဲ့နာမည်၊ လည်ပင်းမှာ သူမရဲ့မျက်လုံးတစ်စုံကိုလည်း တက်တူး ထိုးထားပါတယ်။

နောက်ဆုံးထိုးထားတဲ့ Married ဆိုတဲ့ တက်တူး

သူ့အတွက် ဇနီးဖြစ်သူရေးပေးခဲ့တဲ့ အချစ်စာစုကိုတောင် လည်ပင်းမှာ တက်တူးအဖြစ် ထိုးထားပါတယ်။ အဲဒီစာလေးကတော့ “ငါ့ရဲ့ထာဝရကောင်လေး..စိတ်ရှုပ်နေတဲ့အချိန်တိုင်း ဒီစာကို ဖတ်ပါ။ ဘယ်လောက်ချစ်တယ်ဆိုတာကို သိစေချင်တယ်။ မင်းက တွေ့ဖူးသမျှတွေထဲမှာ အကြင်နာတတ်ဆုံးနှလုံးသားရှိတဲ့သူပါ။ မင်းရဲ့အချစ်မပါဘဲ တစ်နေ့တာကို ဘယ်တော့မှ မဖြတ်သန်းနိုင်မှာမဟုတ်ဘူး။ မင်းက အရမ်းမယုံနိုင်လောက်အောင် ထူးခြားတယ်လို့ ထင်တယ်။ ငါတို့ အတူတူ အားလုံးကို ကျော်လွှားနိုင်မယ်ဆိုတာ သိထားပါ။ မင်းကို အတိုင်းအထက်လွန်ချစ်တယ်။ အမြဲတမ်းချစ်လျက်…မင်းရဲ့အနာဂတ်ဇနီး”

နီကိုလာရဲ့မျက်လုံးတစ်စုံ

သူ့ရဲ့တက်တူးတွေနဲ့ အံ့အားသင့်အောင်လုပ်တဲ့အခါ နီကိုလာ မျက်ရည်ကျတယ်လို့ သူက ပြောပါတယ်။ “ကျွန်တော် သူ့အတွက် နောက်ထပ်တက်တူးအသစ် ထိုးလာတဲ့အခါဆို အမြဲတမ်းငိုခဲ့တယ်။ တက်တူးအသစ်နဲ့ သူ့ကို အံ့အားသင့်အောင်လုပ်ရတာ ကြိုက်တယ်”

ရင်ဘတ်မှာ ဇနီးဖြစ်သူရဲ့နာမည်တက်တူး


ဘရွတ်ကလင်းဘက်ခမ်းနဲ့ နီကိုလာတို့ဟာ လွန်ခဲ့တဲ့ (၄) နှစ်က Coachella ပွဲမှာ တွေ့ဆုံခဲ့ပြီး ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ အခုနှစ် ဧပြီလမှာ လက်ထပ်ခဲ့ကြပါတယ်။

အခုနှစ် ဧပြီလမှာ လက်ထပ်ပွဲကျင်းပ
ဘရွတ်ကလင်းနဲ့နီကိုလာတို့စုံတွဲ

Ref: Ladbible “Brooklyn Beckham reckons he has more than 70 tattoos dedicated to his wife Nicola”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top