လူမှုကွန်ရက်အခွန်ကောက်ခံလို့ ယူဂန်ဒါနိုင်ငံမှာ အင်တာနက်အသုံးပြုသူ သန်းချီကျဆင်း

i6.jpg

ယူဂန်ဒါနိုင်ငံမှာ လူမှုကွန်ရက် အသုံးပြုမှုအပေါ် အခွန်ကောက်ခံနေလို့ အင်တာနက်အသုံးပြုသူ သန်းချီ ကျဆင်းသွားခဲ့ပါတယ်။ သမ္မတ မူဆီဗီနီနဲ့ပတ်သက်တဲ့ အတင်းအဖျင်းတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လက လူမှုကွန်ရက်အခွန် စတင်ကောက်ခံခဲ့တာပါ။ အဲဒီအတွက် ယူဂန်ဒါနိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေဟာ တစ်နေ့ကို ယူဂန်ဒါနိုင်ငံသုံး ရှီလင် (၂၀၀) ( ဗြိတိန်နိုင်ငံသုံး ပေါင်ငွေအရ (၄) ပဲနိ)ပေးရမှာဖြစ်ပါတယ်။

လူမှုကွန်ရက်အခွန် ကောက်ခံမှုဟာ ဖေ့ဘွတ်ခ်၊ တွစ်တာနဲ့ WhatsApp တွေအပါအဝင် ဝက်ဘ်ဆိုက် (၆၀) အပေါ် သက်ရောက်မှုရှိခဲ့ပြီး အနည်းဆုံး အင်တာနက်အသုံးပြုသူ (၂.၅) သန်းအထိ ကျဆင်းသွားစေခဲ့ပါတယ်။ ”လိုတာထက် ပိုတယ်”လို့ မှတ်ချက်ပေးခံထားရတဲ့ အဲဒီထိန်းချုပ်မှုဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အစိုးရအပေါ် ဝေဖန်ခွင့်ကို ကန့်သတ်ချုပ်ချယ်ရာရောက်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ အခုလို လူမှုကွန်ရက်အခွန်ကောက်ခံလိုက်ပြီးနောက် ဖုန်းကုမ္ပဏီတွေက ဝန်ထမ်းတွေကို လျှော့ချနေရတဲ့အတွက် ယူဂန်ဒါနိုင်ငံရဲ့စီးပွားရေးကို ထိခိုက်စေခဲ့တယ်လို့ သုံးသပ်ထားကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top