မျက်နှာကြက်မှာ အပေါက်ဖောက်ပြီး ထောင်ဖောက်ထွက်ပြေးခဲ့သူ (၂)ယောက်ကို ပြန်ဖမ်းမိ

yyl-003-5.jpg

လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပြီး ကယ်လီဖိုးနီးယားအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူ (၂)ယောက်ဟာ ရေချိုးခန်းမျက်နှာကြက်မှာ အပေါက်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့ (၂)ရက်အကြာမှာပဲ ပြန်အဖမ်းခံခဲ့ရပါတယ်။ အသက် ၂၁ နှစ်ရှိတဲ့ ဖွန်ဆီကာနဲ့ အသက် ၂၀ ရှိတဲ့ ဆလဇာတို့ဟာ အကျဉ်းထောင် အစောင့်အကြပ်တွေ မမြင်နိုင်တဲ့ ရေချိုးခန်းမျက်နှာကြက်မှာ အလျား ၈ လက်မ၊ အနံ ၂၂ လက်မရှိတဲ့ အပေါက်တစ်ပေါက်ဖောက်ခဲ့ပါတယ်။ အဲဒီအပေါက်ကနေ ထောင်နံရံကြားကို ဆင်းခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေး ဧရိယာကတစ်ဆင့် တံခါးကို ကန်ဖွင့်ပြီး ထွက်ပြေးခဲ့တာပါ။

သံသယရှိသူ(၂)ယောက်က မျက်နှာကြက်ကို အပေါက်ဖောက်ဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲဆိုတာနဲ့ သူတို့တွေ ထွက်ပြေးလွတ်မြောက်ဖို့ တခြားသူတစ်ယောက်ယောက် အကူအညီပေးခဲ့လားဆိုတာကို စုံစမ်းစစ်ဆေးသူတွေက ခွဲခြားဖော်ပြခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာတော့ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအရာရှိတွေက သံသယရှိသူ ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top