မြန်မာနိုင်ငံက လုပ်ငန်း (၅) ခုမှာ (၄) ခုက စီးပွားရေး ကျဆင်းနေတယ်လို့ ကမ္ဘာ့ထုတ်ပြန်

130184676_3458688464228062_2229450987955572856_n.jpg

ရန်ကုန်၊ အောက်တိုဘာ (၁၁)

မြန်မာနိုင်ငံက လုပ်ငန်း (၅) ခုမှာ (၄) ခုက (၇၀) ရာခိုင်နှုန်းနီးပါး စီးပွားရေး ကျဆင်းနေတယ်လို့ ကမ္ဘာ့ဘဏ်က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးအခြေအနေက ၂၀၂၁ ခုနှစ် ဇန်နဝါရီလက စတင်ပြီး အရောင်းအဝယ်တွေ ကျဆင်းနေတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းကောက်ယူချက်မှာ ဖော်ပြထားပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့စီးပွားရေး လုပ်ငန်းတွေရဲ့ (၉၃) ရာခိုင်နှုန်းက Covid-19 တတိယလှိုင်းကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့ရတာဖြစ်တယ်လို့ ဖြေဆိုချက်တွေအရ သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေက Covid-19 ရောဂါ အကျိုးသက်ရောက်မှုအပေါ်မှာ မူတည်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံက လုပ်ငန်းတွေရဲ့ သုံးပုံ တစ်ပုံဟာ လုပ်သား အရေအတွက် လျော့ချခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်စစ်တမ်းမှာ ပါဝင်တဲ့ လုပ်ငန်းအသီးသီးဟာ ၂၀၂၁ ခုနှစ် ဇွန်လမှာ ပုံမှန်လုပ်ငန်းလည်ပတ်မှုရဲ့ (၆၅) ရာခိုင်နှုန်းသာ လုပ်ငန်းဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။

photo- World Bank
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top