realme Myanmar ကုမ္ပဏီဟာ Budget King စမတ်ဖုန်းတစ်လုံးဖြစ်လာမယ့် realme C3 ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Triple Camera GamerMonster ဆိုတဲ့ အတိုင်း ကင်မရာပိုင်းကို အဆင့်မြှင့်တင်ထားပြီး ဂိမ်းကစားမှုဆိုင်ရာ စွမ်းဆောင်ရည်ကောင်းမွန်ဖို့ Budget Level Helio G70 Processor ကို တပ်ဆင်အသုံးပြုထားပါတယ်။

realme C3

realme C3
Gaming လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တာရှည်ခံစေမယ့် 5000 mAh Battery ကို တပ်ဆင်ပေးထားပြီး ဖုန်းမျက်နှာပြင်ကတော့ ၆.၅ လက်မ ရှိပါတယ်။ လူငယ်တွေအကြိုက်တွေ့စေမယ့် Blazing Red နဲ့ Frozen Blue အရောင်(၂)မျိုး ထုတ်လုပ်ပေးထားပြီး RAM+ROM အတွဲအဖက် 2+32 နဲ့ 3+32 ဆိုတဲ့ အမျိုးအစား (၂)မျိုးရှိပါတယ်။ realme C3 ကို ဖေဖော်ဝါရီလ ၂၉ ရက်ကစပြီး စျေးကွက်ထဲမှာ စတင်ရောင်းချသွားမှာပါ။
Team (ရိုးရာလေး)