ကိုဗစ်သံသယရှိသူ သံဃာတော်တွေကို သီးသန့်ထားရှိနိုင်မယ့် Quarantine Center လိုအပ်

3-11-2020-yyl-012.jpg

ရန်ကုန်၊ ဒီဇင်ဘာ (၃)

ကိုဗစ်သံသယရှိသူ သံဃာတော်တွေကို သီးသန့်ထားရှိနိုင်မယ့် Quarantine Center လိုအပ်နေသေးတယ်လို့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ ကိုဗစ်သံသယရှိသူ သံဃာတော်တွေကို သီးသန့်ထားရှိနိုင်တဲ့ Quarantine Center မရှိအတွက် ကိုဗစ်သံသယလူနာ အမျိုးသားတွေနဲ့ အတူရောထားနေရတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ Covid-19 positive သံဃာတော်တွေကို ဆေးကုပေးတဲ့ နေရာသာရှိပြီး သံသယရှိသူ သံဃာတော်တွေကို သီးသန့်ထားရှိနိုင်တဲ့ Quarantine Center မှာ တောင်ဥက္ကလာပ မြို့နယ်မှာသာမက ရန်ကုန်တိုင်းမှာပါ မရှိသေးအတွက် လိုအပ်နေသေးတယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့ပြင် လက်ရှိမှာ သင်္ဃန်းကျွန်းမြို့နယ်အနေနဲ့လည်း ကိုဗစ်သံသယရှိသူ သံဃာတော်တွေကို သီးသန့်ထားရှိနိုင်တဲ့ Quarantine Center မရှိသေးဘူးလို့ သင်္ဃန်းကျွန်းမြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချူပ်ရေးအဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

“ကျွန်တော်တို့မြို့နယ်မှာတော့ ကိုဗစ်သံသယ သံဃာတော်တွေကိုတွေ့ရင် ကျောင်းကို lock down ချပြီး ကျောင်းမှာပဲထားတယ်။ သင်္ဃန်းကျွန်းမှာက သံဃာတော်တွေမှာ ကိုဗစ်ရောဂါတွေ့ရှိမှုကလည်း သိပ်မများတော့ ကျောင်းတွေမှာ ထားရတာ အဆင်ပြေပါတယ်။ သံဃာတော်တွေ Covid-19 Positive ဖြစ်သွားရင်တော့ ကုသဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက လာခေါ်သွားပါတယ်။”လို့ သူက ဆိုပါတယ်။

သံဃာတော်တွေကြားမှာ ကိုဗစ်ရောဂါကူးစက်မှု ပိုမိုမပြန့်ပွားရလေအောင် ဒကာ၊ ဒကာမတွေအနေနဲ့ အလှူအတန်းတွေပြုလုပ်တဲ့အခါ ဘုန်းကြီးကျောင်းတွေမှာ လူစုလူဝေးမဖြစ်ပွားအောင် စနစ်တကျပြုလုပ်သင့်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၉၃,၆၀၀) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၇၂,၆၀၁) ဦး နဲ့ သေဆုံးသူ (၁,၉၉၈) ဦးအထိ ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ (၂) ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo- ဒေါက်တာစောနိုင်(facebook)
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top