Stay at Home အစီအစဉ်ကို ဖြေလျှော့

30-6-2020-yyl-012.jpg

မိမိနေအိမ်မှာ နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ဒီနေ့(ဇွန်လ ၃၀) ရက်နေ့မှစတင်ကာ မြို့နယ်တိုင်းမှာ ဖြေလျှော့ပေးနိုင်ပြီဖြစ်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောကြားခဲ့ပါတယ်။

Stay at Home အစီအစဉ်ကို ဖြေလျှော့ခဲ့ပေမယ် လူစုလူဝေးဖြစ်စေနိုင်တဲ့ ကိစ္စတွေကို ဆက်လက် ပိတ်ပင်ထားမယ်လို့ လို့ သူက ပြောပါတယ်။

ရောဂါမပြန့်ပွားရန် ထိရောက်စွာ ဆောင်ရွက်နိုင်မယ်ဆိုပါက နောက်တစ်လ၊ နှစ်လလောက်အတွင်းမှာ Covid-19 ဒုတိယလှိုင်း(Second wave)ကို တားဆီးနိုင်မှာဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဇွန်လ (၂၉) ရက်နေ့မှာ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောကြားခဲ့ပါတယ်။

Covid-19 ကူးစက်ခံရသူများအနက် ရောဂါလက္ခဏာ လုံးဝမပြဘဲ ကူးစက်ခံနေရသူတွေရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒီနေ့ ဇွန်လ (၃၀) ရက်နေ့အထိ COVID-19 ရောဂါကူးစက်ခံထားရသူ တစ်နိုင်ငံလုံးမှာ (၂၉၉) ဦးအနက် ပိုးမတွေ့တော့ဘဲ ပြန်လည်ကျန်းမာလာသူ (၂၂၁) ဦး၊ သေဆုံးသူ (၆) ဦးရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Cherry ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top