ခံတွင်းအနံ့ဆိုးတွေ ပျောက်စေဖို့ အကူအညီပေးနိုင်တဲ့ သဘာဝခံတွင်းသန့်စင်နည်းများ

8-2-2022-yyl15.jpg

မနက်ခင်း အိပ်ယာထတဲ့အချိန် ခံတွင်းအနံ့မကောင်းတာက တစ်ညလုံးဖြစ်တည်လာတဲ့ဘတ်တီးရီးယားတွေကြောင့်ဖြစ်တဲ့အတွက် ဒါက သာမန်ပါပဲ။ ဒါပေမဲ့ တချို့လူတွေက ခံတွင်းအနံ့ဆိုးတွေ စွဲမြဲနေတတ်ပါတယ်။ လူအများနဲ့ဆက်ဆံပြောဆိုတဲ့အခါ ခံတွင်းအနံ့ဆိုးက အတော်လေး ရှက်ရွံ့စရာကောင်းလှပါတယ်။ ခံတွင်းအနံ့ဆိုးက ပါးစပ်အတွင်း ဖြစ်တည်လာတဲ့ဘတ်တီးရီးယားတွေကြောင့်ဖြစ်ပြီး အနံ့တွေထုတ်လွှတ်ပါတယ်။ ယေဘုယျအားဖြင့် ကျွန်တော်တို့ စားတဲ့ အစားအစာတွေက သကြားနဲ့ ကစီဓာတ်တွေကို ဘတ်တီးရီးယားပိုးတွေက ဖြိုခွဲလိုက်တဲ့အခါ အနံ့ထွက်လာပါတယ်။ တချို့အခြေအနေတွေမှာ သွားဖုံးရောဂါ၊ သွားယိုယွင်းခြင်းလို ပြင်းထန်တဲ့ သွားပြဿနာတွေကို ညွှန်ပြနေပါတယ်။ ခံတွင်းအနံ့ဆိုးပြဿနာကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းက သွားနဲ့ခံတွင်းစစ်ဆေးတာကို ပုံမှန်လုပ်ပေးဖို့နဲ့ တချို့သဘာဝနည်းလမ်းတွေနဲ့ ဒီပြဿနာကို ဖယ်ရှားဖို့ပါပဲ။ ခံတွင်းပြဿနာကို ဖြေရှင်းပေးနိုင်မယ့် သဘာဝခံတွင်းသန့်စင်စေမယ့် နည်းတွေကတော့

လေးညှင်းပွင့်စားပါ

လေညှင်းပွင့်က ခံတွင်းအနံ့ဆိုးနဲ့ သွားဖုံးရောင်တဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ခံတွင်းသန့်စင်ဆေးတွေမှာ အတွေ့များဆုံးပါဝင်ပစ္စည်းဖြစ်ပါတယ်။ ပါးစပ်အတွင်း ဘတ်တီးရီးယားအရေအတွက် လျှော့ချပေးနိုင်တဲ့ Antibacterial ဂုဏ်သတ္တိပါဝင်ပြီး သွားမှာ သွေးထွက်တာနဲ့ သွားယိုယွင်းပျက်စီးတာလို အခြားသွားဆိုင်ရာပြဿနာတွေဖြစ်နိုင်ခြေလျှော့ချပေးပါတယ်။ ခံတွင်းအနံ့ဆိုးပြဿနာကို ဖြေရှင်းဖို့အတွက် လေးညှင်းပွင့်အနည်းငယ်ကို ဝါးစားပေးနိုင်ပါတယ်။

ရေများများသောက်ပါ

တစ်နေ့ကို ရေသောက်နည်းရင်လည်း သင့်ခံတွင်းအနံ့ဆိုးစေနိုင်ပါတယ်။ ရေက ပါးစပ်ထဲက ဘတ်တီးရီးယားတွေကို ဖယ်ထုတ်ပေးနိုင်ပြီး ဘတ်တီးရီးယားတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ခံတွင်းအနံ့မကောင်းသလိုခံစားရရင် တစ်နေ့ကို ရေများများသောက်သုံးပေးပါ။ သင့်ခံတွင်းအနံ့လန်းဆန်းနေစေဖို့အတွက် ရေထဲကို သံပရိုသီးတစ်ဝက်ညှစ်ထည့်ပြီး သောက်သုံးပေးလို့ရပါတယ်။

ပျားရည်နဲ့ သစ်ကြံပိုးခေါက်လိမ်းပါ

ပျားရည်နဲ့သစ်ကြံပိုးခေါက်က ရောင်ရမ်းခြင်းကို တားဆီးပေးနိုင်တဲ့၊ ဘတ်တီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိတဲ့အတွက် သင့်ပါးစပ်မှာ ဘတ်တီးရီးယားကြီးထွားမှုကို လျှော့ချပေးဖို့ ကူညီပေးပြီး သွားဖုံးကို ကျန်းမာစေပါတယ်။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်အရောအနှောကို သင့်သွားနဲ့သွားဖုံးနဲ့ ပုံမှန်လိမ်းပေးတာက သွားယို့ယွင်းပျက်စီးတာ၊ သွားဖုံးသွေးထွက်တာနဲ့ ခံတွင်းအနံ့ဆိုးဖြစ်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒီပါဝင်ပစ္စည်း (၂) မျိုးလုံးက ဘေးကင်းပြီး အလွယ်ကူရနိုင်တဲ့အရာတွေဖြစ်ပါတယ်။

သစ်ကြံပိုးခေါက်ကို ငုံထားပါ

ချိုတဲ့အရသာရှိတဲ့သစ်ကြံပိုးခေါက်ကလည်း ခံတွင်းအနံ့ဆိုးပြဿနာကို ဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ လေးညှင်းပွင့်လိုပဲ သစ်ကြံပိုးခေါက်ကလည်း ပါးစပ်အတွင်း ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ခံတွင်းအနံ့ဆိုးကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ သင့်ပါးစပ်မှာ သစ်ကြံပိုးခေါက်ကို မိနစ်အနည်းလောက်ငုံထားပေးပြီး အဲဒီနောက် လွှတ်ပစ်လိုက်ရုံပါပဲ။

ဆားရည်နဲ့ ပလုတ်ကျင်းပါ

ဆားရည်နွေးနွေးလေးနဲ့ ပလုတ်ကျင်းတာဟာ ပါးစပ်အတွင်းက မကောင်းတဲ့ဘတ်တီးရီးယားကြီးထွားမှုကို ကာကွယ်ပေးပြီး ခံတွင်းအနံ့ကို ကောင်းစေပါတယ်။ ရေဖန်ခွက်တစ်ခွက်ထဲ ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်) ထည့်၊ ရောမွှေပြီး ပလုတ်ကျင်းပေးရမှာဖြစ်ပါတယ်။

Ref: 5 Natural Mouth Fresheners That Can Help To Get Rid Of Bad Breath

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top