ဂီတအနုပညာသက်တမ်း ၁၃ နှစ်ပြည့်တဲ့အနေနဲ့ ပစ္စည်း ဒေါ်လာ ၇၂၀,၀၀၀ ဖိုးလှူဒါန်းခဲ့တဲ့ အိုင်ယူ

20-9-2021-yyl8.jpg

ကိုရီးယားနိုင်ငံမှာသာမက မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာပါ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်မင်းသမီး အိုင်ယူဟာ အနုပညာဂီတလောကထဲကို ရောက်ရှိခဲ့တာ စက်တင်ဘာ ၁၈ ရက်နေ့က (၁၃) နှစ်ပြည့်မြောက်ခဲ့ပါပြီ။ အိုင်ယူက သူ့ရဲ့ပွဲဉီးထွက်နှစ်ပတ်လည်ကို ရက်ရက်ရောရောလှူဒါန်းမှုတစ်ခုနဲ့ ဆင်နွှဲခဲ့ပါတယ်။

အိုင်ယူက သူ့ရဲ့ဂီတအနုပညာသက်တမ်း ၁၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လိုအပ်တဲ့နေရာတွေအတွက် ဒေါ်လာ ၇၂၀,၀၀၀ဖိုး လှူဒါန်းခဲ့တာပါ။ အိုင်ယူက လိုအပ်နေတဲ့၊ အကူအညီလိုအပ်နေတဲ့ သူတွေကို ကူညီပေးဖို့အတွက် သူနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ ကုန်ပစ္စည်းတံဆိပ်များစွာနဲ့ပူးပေါင်းပြီး အခုလိုလှူဒါန်းဖို့ စိတ်ကူးမိခဲ့တယ်လို့ သူ့ရဲ့အေဂျင်စီ EDAM Entertainment က ထုတ်ပြောပြခဲ့ပါတယ်။

“GNAL-N, New Balance, Banolim Pizza, BLACKYAK, Evezaly, နဲ့ Jeju Samdasoo ကုန်ပစ္စည်းတံဆိပ်တွေနဲ့အတူ IU က ဆင်းရဲနွမ်းပါးတဲ့သူတွေနဲ့ ဆေးခန်းတွေကို ကူညီဖို့အတွက် လိုအပ်တဲ့ပစ္စည်း ဝမ် ၈၅၀ သန်း (ခန့်မှန်းခြေဒေါ်လာ ၇၂၀,၀၀၀) ဖိုးလှူဒါန်းခဲ့ပြီးပါပြီ” လို့ အေဂျင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“သူရဲ့ပွဲဦးထွက်နှစ်ပတ်လည်နီးလာတာနဲ့အမျှ အိုင်ယူက နေ့စဉ်လိုအပ်တဲ့အရာတွေကို အခက်အခဲဖြစ်နေတဲ့ လိုအပ်ဆုံးသူတွေကို လှူဒါန်းပေးချင်ခဲ့တာပါ။ အိုင်ယူက လှူဒါန်းမှုပြုလုပ်ပေးဖို့ ကုန်ပစ္စည်းတံဆိပ်တစ်ခုချင်းစီကို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ခဲ့ပါတယ်။ လှူဒါန်းမှုတစ်ခုချင်းစီရဲ့ကုန်ကျစရိတ်တစ်ဝက်ကို အိုင်ယူက လှူဒါန်းခဲ့ပါတယ်”လို့ အေဂျင်စီက ဆက်လက်ပြောကြားခဲ့ပါတယ်။

လှူဒါန်းခဲ့သောပစ္စည်းတွေမှာ မိဘမဲ့ဂေဟာက ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေအတွက် ဆောင်းရာသီဝတ်အင်္ကျီအပါအ၀င် အဝတ်အထည် ၂၀၀၀၊ Single mother အိမ်ထောင်စုတွေအတွက် မွေ့ရာနဲ့အိပ်ရာခင်းအစုံ (၃၀၀) နဲ့ ဆိုးလ်က COVID-19 ဆေးကုခန်း (၂၀) အတွက် ရေဗူး ၃၀,၀၀၀ တို့ ပါဝင်ပါတယ်။

Ref: Soompi “IU Donates 850 Million Won Worth Of Items To Meaningful Cause”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top