ကလေးတွေရဲ့မျက်စိအားကောင်းစေမယ့် အကောင်းဆုံးအစားအစာတွေ

11-5-2021yyl2.jpg

ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အဓိကအစိတ်အပိုင်းတွေကို သေချာဂရုစိုက်ပေးဖို့လိုအပ်သလို မျက်စိကျန်းမာရေးကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ လူကြီးတွေကတော့ မျက်စိကျန်းမာရေးအတွက် ဂရုစိုက်နိုင်ပေမဲ့ ကလေးတွေကျတော့ မိဘတွေက သေချာဂရုစိုက်ပေးမှရပါလိမ့်မယ်။ မိဘတွေက ကလေးရဲ့မျက်စိကျန်းမာရေးကို အလေးထားကာ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိမှုန်တာတွေမဖြစ်အောင် Screen နဲ့ ထိတွေ့ရတဲ့ ဖုန်းကြည့်တဲ့အချိန်၊ တီဗီကြည့်တဲ့အချိန်တွေကို ကန့်သတ်ပေးဖို့ လိုပါတယ်။ အဲဒါအပြင် တစ်နေ့တာအစားအစာတွေကလည်း ကလေးရဲ့မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။ တချို့အစားအစာတွေနဲ့ အသီးတွေက ကလေးရဲ့မျက်စိအားကောင်းစေဖို့နဲ့ အမြင်အာရုံကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ မိဘတွေက ကလေးရဲ့မျက်စိကျန်းမာရေးအတွက် အဲဒီအစားအစာတွေကို ဂရုစိုက်ကျွေးပေးသင့်ပါတယ်။ အဲဒီအစားအစာတွေကတော့

အရွက်များတဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်

ဗီတာမင်စီ၊ ဗီတာမင်အီ ကြွယ်ဝတဲ့ ကိုက်လန်၊ ဟင်းနုနွယ်ရွက်လို အရွက်များတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက ကလေးရဲ့မျက်စိအတွက် ကောင်းပါတယ်။ ကလေးတွေရဲ့မျက်စိအားကောင်းဖို့အတွက် အဲဒီအရွက်တွေကို များများကျွေးပေးသင့်ပါတယ်။

မုန်လာဉနီ

ဗီတာမင် အေ ထုတ်လွှတ်ဖို့အတွက် ခန္ဓာကိုယ်က အသုံးပြုရတဲ့ ဒြပ်ပေါင်း ဘီတာ-ကာရိုတင်း (Beta-carotene) ပါဝင်တဲ့ မုန်လာဉနီက မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ကလေးတွေရဲ့မျက်စိအားကောင်းစေဖို့ဆိုရင် ကလေးတွေကို မုန်လာဉနီဖျော်ရည်တိုက်တာဖြစ်ဖြစ် မုန်လာဉနီစားခိုင်းတာဖြစ်ဖြစ် မိဘတွေက လုပ်သင့်ပါတယ်။

ငါး

ငါးမှာ ပါဝင်တဲ့ အိုမီဂါ ၃ fatty acid က ကလေးရဲ့မျက်စိအားကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ကလေးတွေတင်မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသားသူတွေလည်း ငါးစားပေးသင့်ပါတယ်။ အကျိုးကျေးဇူးအတူတူရနိုင်ပါတယ်။

ဉအမျိုးမျိုး

ကြက်ဉ၊ ဘဲဉ၊ ငုံးဉတွေက ကလေးရဲ့ကျန်းမာရေးအတွက် ကောင်းရုံသာမက ကလေးရဲ့အမြင်အာရုံကိုလည်း တိုးတက်စေပါတယ်။ ကြက်ဉ၊ ဘဲဉအနှစ်မှာ မျက်စိအားကောင်းစေတဲ့ ဗီတာမင်အေ၊ လူတင် (Lutein)၊ ဇီဇန်သင်း (Zeaxanthin) နဲ့ ဇင့် ဓာတ်တွေ ပါဝင်ပါတယ်။

အစေ့အဆံ

အယ်မွန်လို အစေ့အဆံတွေက ဗီတာမင်အီပါဝင်ပြီး အသက်အရွယ်နဲ့ ဆိုင်တဲ့ မက်ကူလာယိုယွင်းပျက်စီးခြင်းနဲ့ မျက်စိအတွင်းတိမ်ဖြစ်ခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အချဉ်ဓာတ်ပါတဲ့အသီးတွေ

လိမ္မော်သီး၊ သံပုရာသီးလို အချဉ်ဓာတ်ပါတဲ့ အသီးတွေက ဗီတာမင်စီရနိုင်တဲ့ အရင်းအမြစ်ဖြစ်ပြီး မျက်စိရဲ့သွေးကြောတွေကို သန်မာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကလေးရဲ့မျက်စိကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

Ref: Best foods to improve your child’s eyesight

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top