ထိုင်းဇာတ်လမ်းတွဲတစ်ကား ရုပ်သံလိုင်းမှာ မထုတ်လွှင့်ခင် ရိုက်ကူးပြီးစီးဖို့ အချိန် ဘယ်လောက်ကြာလဲ

4-2-2022-yyl10.png

ထိုင်းဇာတ်လမ်းတွဲတွေကလည်း ကိုရီးယားဇာတ်လမ်းတွဲတွေလိုပဲ မြန်မာပရိသတ်တွေကြား ရေပန်းစားလာပါတယ်။ ထိုင်းဇာတ်လမ်းတွဲတွေကို ပရိသတ်တွေ ကြိုက်နှစ်သက်ရတာကလည်း အရည်အချင်းရှိတဲ့ အနုပညာရှင်၊ အတက်ပညာရှင်တွေကြောင့်ပါပဲ။ ထိုင်းအနုပညာရှင်တွေကလည်း ရုပ်ရည်ချောမောကြတဲ့အပြင် သရုပ်ဆောင်ပီပြင်တာကြောင့်ပါ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ထိုင်းဇာတ်လမ်းတွဲတွေက ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူတာကတော့ ဇာတ်လမ်းတွဲရိုက်ကူးပြီးစီးပြီးမှ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသတာပါ။ ကိုရီးယားဇာတ်လမ်းတွဲအများစုဆိုရင် ပထမဆုံး ၃ ၊ ၄ ပိုင်းလောက် ရိုက်ပြီးတာနဲ့ ထုတ်လုပ်ရေးကုန်ကျစရိတ် သက်သာစေဖို့နဲ့ ကြည့်ရှုသူတွေရဲ့တုံ့ပြန်ချက်မကောင်းရင် ဇာတ်ညွှန်းပြောင်းလဲတာတွေလုပ်ဖို့အတွက် ရုပ်သံလိုင်းတွေမှာ တန်းထုတ်လွှင့်လေ့ရှိပါတယ်။

ထိုင်းဇာတ်လမ်းတွဲတစ်ကားကတော့ ပုံမှန်ဆိုရင် အပိုင်း (၁၀) (ဒါမှမဟုတ်) အပိုင်း ၁၆ ထိ ရှိပါတယ်။ အပိုင်းအားဖြင့် အရမ်းမများပေမဲ့ တီဗီလိုင်းမှာ မပြခင် ရိုက်ကူးပြီးစီးဖို့ အချိန်အရမ်းယူရပါတယ်။ အချိန်အများကြီးယူပြီး ရိုက်ကူးပြီးစီးမှ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပါတယ်။ ပရိသတ်တွေလည်း ထိုင်းဇာတ်လမ်းတွဲတွေကို ရုပ်သံလိုင်းကနေ မထုတ်လွှင့်ခင် ရိုက်ကူးပြီးစီးဖို့ အချိန်ဘယ်လောက်ယူလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။

ထိုင်းအနုပညာရှင်တစ်ဉီးရဲ့အင်တာဗျူးမှာ ဖြေကြားချက်အရ ထိုင်းဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီးစီးဖို့အတွက် အနည်းဆုံး ၈ လယူရတယ်။ တချို့ဇာတ်လမ်းတွဲတွေဆို တစ်နှစ်နီးပါး (သို့) တစ်နှစ်ကျော် အချိန်ယူပြီး ရိုက်ကူးရတယ်။ အချိန်အပိုင်းအခြားကတော့ ဇာတ်လမ်းတွဲရဲ့အခက်အခဲပေါ်မူတည်တယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင် သမိုင်းနောက်ခံဇာတ်လမ်းတွဲတစ်ကားက ခေတ်ပေါ်ဇာတ်လမ်းတွဲထက် အချိန်ပိုယူပြီး ရိုက်ကူးရပါတယ်။

ထိုင်းအနုပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့၊ ထိုင်းဇာတ်လမ်းတွဲကောင်းတွေကို ရိုက်ကူးထုတ်လွှင့်ပေးနေတဲ့ ရုပ်သံလိုင်းတွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ Thai TV3 နဲ့ Channel 7 တို့က ထိုင်းဇာတ်လမ်းတွဲတွေကို အရင် ရိုက်ကူးပြီးမှ ထုတ်လွှင့်ပြသပါတယ်။ ONE 31 ကတော့ ဇာတ်လမ်းတွဲတွေကို အရင်ရိုက်ကူးပြီးမှ ထုတ်လွှင့်သလို ရိုက်ကူးနေရင်း တန်းထုတ်လွှင့်တာမျိုးလည်း ရှိပါတယ်။

Ref: ThaiUpdate “How Long Is Thai Drama Complete Before Airing On Television?”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top