အငြင်းပွားဖွယ် လယ်ယာဥပဒေသစ် ၃ ခုကို ပြန်လည်ပြင်ဆင်ပေးမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ကြေညာ

19-11-2021yyl1.jpg

ဆန္ဒပြမှုတွေ တစ်နှစ်ကြာ ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက အငြင်းပွားဖွယ် လယ်ယာဥပဒေသစ် ၃ ခုကို ပြန်လည်ပြင်ဆင်ကြောင်း ကြေညာခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ တောင်ယာစိုက်ပျိုးသူတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက နယူးဒေလီမြို့ အနီးတစ်ဝိုက်ဒေသတွေမှာ စခန်းချပြီး လယ်ယာဥပဒေပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်ဆန္ဒပြခဲ့တာပါ။

ဥပဒေသစ်တွေကြောင့် တောင်ယာလုပ်ငန်းမှာ ပုဂ္ဂလိကကုမ္ပဏီတွေ ဝင်ရောက်လာနိုင်ပြီး သူတို့ရဲ့ဝင်ငွေ ထိခိုက်နစ်နာရလိမ့်မယ်လို့ တောင်ယာစိုက်ပျိုးသူတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း အစိုးရအဖွဲ့နဲ့ ဆွေးနွေးမှု အကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေက ဥပဒေသစ်တွေကို ကာကွယ်ခဲ့ကြလို့ အောင်မြင်မှုမရခဲ့ပါဘူး။

ဥပဒေသစ်တွေ ပြန်လည်ပြင်ဆင်ပေးမယ့် ကြေညာချက်ဟာ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ တောင်ယာစိုက်ပျိုးသူများ သမဂ္ဂတွေက ဆိုပါတယ်။ ဒါပေမဲ့ တောင်ယာစိုက်ပျိုးသူအများအပြား နေထိုင်တဲ့ ပန်ဂျပ်၊ ဥတ္တာပရာဒက်ရှ်ပြည်နယ်ရွေးကောက်ပွဲတွေ ရှိနေလို့ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

” (ဥပဒေသစ်တွေကြောင့်) တောင်ယာစိုက်ပျိုးသူတွေ အကျိုးကျေးဇူးရှိစေလိမ့်မယ်လို့ ကြိမ်ဖန်များစွာ ရှင်းပြဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ပန်ဂျပ်ပြည်နယ်ရဲ့ ဂုရုကြီး မွေးနေ့မှာတော့ လယ်ယာဥပဒေ ၃ ခုကို ပြန်လည်ပြင်ဆင်ပေးဖို့ အစိုးရက ဆုံးဖြတ်လိုက်ပါပြီ” လို့ နာရန္ဒြာမိုဒီက ပြောပါတယ်။

ဒါပေမဲ့ အစိုးရအဖွဲ့က ဥပဒေသစ် ၃ ခုလုံးကို လွှတ်တော်မှာ ပယ်ဖျက်ပေးမှပဲ ဆန္ဒပြလှုပ်ရှားမှုတွေကို ရပ်တန့်သွားမယ်လို့ ထင်ပေါ်ကျော်ကြားတဲ့ တောင်ယာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရာကက်ရှ်တီကိုက်က ပြောပါတယ်။

တောင်ယာစိုက်ပျိုးသူတွေဟာ အေးမြတဲ့ ဆောင်ရာသီမှာရော၊ ပူပြင်းလွန်းတဲ့ နွေရာသီမှာရော၊ ကိုဗစ်-၁၉ လှိုင်းတွေ ကြုံရချိန်မှာပါ မမှုဘဲ နယူးဒေလီမြို့ဆီ ဦးတည်ရာ လမ်းမကြီးတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြတာပါ။

Ref: BBC ” India PM Narendra Modi repeals controversial farm laws “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top