တောအုပ်ငယ်တစ်ခုအပါအဝင် သစ်ပင် ၃၀,၀၀၀ ကျော် စိုက်ပျိုးပေးခဲ့သူ

21-6-2022-yyl06.jpg

” သေသွားရင် တမလွန်ကို ငွေတွေ ယူသွားလို့ မရပါဘူး။ ကိုယ်ပြုခဲ့တဲ့ကုသိုလ်ပဲ ကိုယ့်နောက်ပါမှာ”ဒီစကားကို ပြောခဲ့သူကတော့ အသက် ၇၁ နှစ်အရွယ် တူရကီအဘိုးအို အာဂျီနိုဂလူပါ။ သူက လွန်ခဲ့တဲ့ ၂၆ နှစ်အတွင်း တောအုပ်တစ်ခုအပါအဝင် သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော် စိုက်ပျိုးခဲ့သူ ဖြစ်ပါတယ်။

အာဂျီနိုဂလူက ကုန်တင်ကားမောင်းတယ်။ အိမ်ထောင်မရှိဘူး၊ တစ်သက်လုံး လူပျိုကြီးဘဝနဲ့ နေလာခဲ့သူပါ။ သူ့မှာ မောင်နှစ်မ ၆ ယောက်ရှိတယ်။ ၆ ယောက်လုံး အိမ်ထောင်တွေနဲ့ သားသမီးတွေနဲ့။ သူ့မှာတော့ အမွေဆက်ခံမယ့်သူ မရှိဘူး။ ဒီတော့ သူက နောက်မျိုးဆက်တွေအတွက် သစ်ပင်တွေကို အမွေချန်ထားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဒီလိုနဲ့ တူရကီနိုင်ငံတောင်ပိုင်း မာဒင်မြို့က ကျက်တီးမြေကို အမှိုက်တွေ ရှင်းလင်းပြီး ရေပိုက်တွေ သွယ်တန်းကာ ပျိုးပင်တွေ စိုက်ပျိုးခဲ့တာပါ။ သူက နေသာတဲ့နေ့တိုင်း သစ်ပင်တွေကို သွားကြည့်ပြီး ရေလောင်းပေါင်းသင်လုပ်ပေးတယ်။ မိုးရွာတဲ့နေ့ဆိုရင်တော့ မသွားဘူး။

အခုချိန်မှာတော့ အဲဒီနေရာက သစ်ပင် ၁၁,၀၀၀ ရှိတဲ့ တောအုပ်ငယ်လေး ဖြစ်နေပါပြီ။ အာဂျီနိုဂလူက အနီးပတ်ဝန်းကျင် ရွာတွေမှာလည်း သစ်ပင်တွေ စိုက်ပေးတယ်။ သူ စိုက်ပျိုးခဲ့တဲ့ သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် သူက သစ်ပင်တွေကို ရေလောင်းဖို့ ရေတွင်း ၅၀ လည်း တူးဖော်ခဲ့သူပါ။

” သစ်ပင်တွေစိုက်ရတာ ပိုက်ဆံမရပေမဲ့ ပျော်ရွှင်ရပါတယ်။ အပင်ကနေ အသီးတွေ သီးလာတဲ့အခါ လူတွေက အပင်အောက်လာထိုင်ပြီး အသီးတွေ လာစားကြတယ်။ ဒီမြင်ကွင်းကို မြင်ရတာ ကျွန်တော် ပျော်တယ်။ တစ်နေ့ကျရင် ကျွန်တော်တို့အားလုံး သေရမှာပဲလေ။ အသက်ရှင်နေတုန်းလေးမှာ ကိုယ်လည်း ပျော်ချင်တယ်။ သူများတွေကိုလည်း ပျော်စေချင်တယ်။ တစ်ခုခုလည်း ချန်ထားပေးခဲ့ချင်တယ်လေ” လို့ အာဂျီနိုဂလူက ဆိုပါတယ်။

Ref: The man who planted a forest in Turkey’s Mardin

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top