အဆုံးစီရင်ဖို့ ထပ်မံကြိုးစားခဲ့ပြီး ဆေးရုံတင်ခဲ့ရတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ AOA အဖွဲ့ဝင်ဟောင်း မီနာ

17-7-2021-yyl-51.jpg

ဇူလိုင်လ ၂၉ ရက်နေ့ သတင်းထွက်ရှိချက်တွေအရ AOA မိန်းကလေးအဆိုအဖွဲ့ရဲ့အဖွဲ့ဝင်ဟောင်း မီနာ (Mina) ဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ထပ်မံကြိုးစားခဲ့လို့ ဆေးရုံအမြန်တင်လိုက်ရတယ်လို့ သိရပါတယ်။

သတင်းဌာနတွေကတော့ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ခင်းပိုင်းမှာ မီနာရဲ့အပေါင်းအဖော်တစ်ယောက်က ကိုယ့်ကိုယ်ကိုသက်သေဖို့ ကြိုးစားခဲ့တဲ့ မီနာကို သူ့ရဲ့နေအိမ်မှာ တွေ့ရှိခဲ့တာဖြစ်တယ်။ မီနာဟာ ဖုန်းဖြေကြားခြင်းမရှိတဲ့အတွက် သူ့ရဲ့အပေါင်းအဖော်က သူ့ရဲ့အိမ်ကို သွားရောက်ခဲ့ရမှ အခုလိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မီနာကို တွေ့ရှိပြီး ချက်ချင်းပဲ ၁၁၉ ကို ဖုန်းခေါ်ပြီး ဆေးရုံအမြန်တင်ခဲ့ပါတယ်။

မီနာဟာ သွေးတွေ အဆက်မပြတ်ထွက်နေတဲ့အတွက် အရေးပေါ်ကုသမှုခံယူခဲ့ရပြီး ဆေးရုံမှာ သက်သာနေပြီလို့ သိရပါတယ်။

(နောက်ဆက်တွဲသတင်းကို ဖြည့်စွက်ရေးသားတင်ပြပေးပါဉီးမယ်)

Ref: Allkpop “Former AOA member Mina reportedly transported to the hospital after attempting to take her own life

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top