အသက် (၈) နှစ် ကောင်လေးရဲ့မွန်မြတ်တဲ့မွေးနေ့အလှူ

17-9-2020-yyl-016.jpg

ဘယ်သူမဆို ကိုယ့်မွေးနေ့ရောက်ရင် ကောင်းမှုကုသိုလ်လုပ်ဖြစ်ကြတယ်မလား။ မွေးနေ့မှာတင်မဟုတ်ဘဲ ကျန်တဲ့ရက်တွေမှာလည်း ကုသိုလ်ကောင်းမှုလုပ်တာက မွန်မြတ်တဲ့အရာပါပဲ။ ကယ်လီဖိုးနီးယားပြည်နယ်က အီဂယ် ဂျာယာဂိုဒါဆိုတဲ့ ကလေးလေးကလည်း သူ့ရဲ့အသက် (၈) နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲတဲ့အနေနဲ့ မွန်မြတ်တဲ့အလှူလေးတစ်ခုလုပ်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့မွေးနေ့မှာ အီဂယ်က ကပ်ရောဂါအတွင်း အိမ်နီးနားချင်းတွေ ဘေးကင်းစွာ အစားအသောက်တွေရနိုင်မယ့် နေရာလေးတစ်ခု ဖန်တီးပေးခဲ့တာပါပဲ။

လွန်ခဲ့တဲ့လအနည်းငယ်က အီဂယ်ဟာ သူ့အိမ်အနီးနားမှာ “Little Free Food Table” ဆိုတဲ့ အစားအသောက် အခမဲ့ယူလို့ရတဲ့ နေရာလေးတစ်ခုလုပ်ထားခဲ့ပါတယ်။ တနင်္ဂနွေနေ့တိုင်း အစားအသောက် အခမဲ့ယူလို့ရတဲ့ဗီရိုလေးကို ဖွင့်ပြီး အကျပ်အတည်းရင်ဆိုင်နေရတဲ့ လူတွေအတွက် ပစ္စည်းတွေထားရှိခဲ့ပါတယ်။ “လူမှုသိုင်းအဝိုင်းအတွက် လုပ်ပေးနေရသလို အီဂယ်က ခံစားမိနေတာပါ။ သင် ချမ်းသာစရာမလိုပါဘူး။ သင်မှာ အများကြီးမရှိရင်တောင် ဘယ်လို ကူညီပေးနိုင်လဲဆိုတာ သားလေးကို နားလည်စေချင်တာပါ”လို့ အီဂယ်ရဲ့အမေ အက်ချလာ ဂျာရာဂိုဒါက ဆိုပါတယ်။

အီဂယ်က သြဂုတ်လ ၂၄ ရက်နေ့ သူ့အသက် ၈ နှစ်ပြည့်မှာ အရင်တုန်းကလို ပြန်လှူဒါန်းချင်တဲ့အတွက် သူ့ရဲ့မွေးနေ့အစားအသာက်စားပွဲကို (၂၄) နာရီ အစားအသောက်ဗီရိုလေးအဖြစ် ပြောင်းလဲပစ်ခဲ့တာပါ။ ဆန်ဖရန်စ္စကိုက St. Johns Catholic School ရဲ့ (၂) တန်းကျောင်းသားလေး အီဂယ်ဟာ အကျပ်အတည်းဖြစ်နေတဲ့သူတွေ လိုအပ်တဲ့အစားအစာတွေကို ဝယ်ယူဖို့အတွက် ရေဗူးတွေကို ပြန်လည်အသုံးပြုရောင်းချခြင်းနဲ့ ဝင်ငွေရှာခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့အစီအစဉ်ကို စတင်ဆောင်ရွက်ကတည်းက အီဂယ်က ပစ္စည်းတွေယူနေတဲ့လူတွေကို မြင်ရရင်ပဲ ဝမ်းသာနေခဲ့တာပါ။ “ကောင်းတာတွေဖြစ်လာမယ့်အရာပါပဲ။ အီဂယ်က အရမ်းကိုပျော်နေတာပါ”လို့ အီဂယ်ရဲ့အမေက ပြောပါတယ်။ ကိုဗစ်ကာလအတွင်း အီဂယ် ကောင်းမှုကုသိုလ်လုပ်တာ ဒါက ပထမဆုံးမဟုတ်ပါဘူး။ သူ့နဲ့ သူ့မိသားစုက the Bay Area Sri Lankan အဖွဲ့အစည်းနဲ့ ချိတ်ဆက်ကာ ရောဂါကို ရှေ့တန်းကတွန်းလှန်ပေးနေတဲ့သူတွေနဲ့ အိမ်ရာမဲ့လူတွေဆီ အစားအစာပို့ပေးခဲ့ပါသေးတယ်။ အရင်တုန်းကလည်း သူ့မိဘတွေမွေးဖွားရာ သီရိလင်္ကာက ကလေးတွေအတွက်လည်း ကျောပိုးအိတ်တွေ ပို့ပေးခဲ့ဖူးပါတယ်။

Ref: ABCNews “8-year-old opens 24-hour food pantry for his birthday”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top