အရပ်သားကို လက်ထပ်ဖို့ ဂျပန်အစိုးရရဲ့ဒေါ်လာ ၁.၃သန်းကို လက်မခံခဲ့ပြန်တဲ့ တော်ဝင်မင်းသမီး

28-9-2021-yyl5.jpg

ဂျပန်တော်ဝင်မင်းသမီး မာကို (Mako) က အရပ်သားတစ်ဉီးကို စေ့စပ်ခဲ့လို့ တော်ဝင်မိသားစုဝင်အဖြစ်မှ ရပ်ဆိုင်းခံရပြီးနောက် ဂျပန်အစိုးရက သူ့ကို ပေးအပ်ဖို့ သဘောတူထားခဲ့တဲ့ ဒေါ်လာ ၁ သန်းကျော်ကို လက်မခံတော့ဘဲ ငြင်းဆန်ခဲ့တယ်လို့ ထွက်ရှိလာတဲ့သတင်းအရ သိရပါတယ်။

ဧကရာဇ် နာရူဟီတို (Naruhito) ရဲ့တူမတော်ဖြစ်တဲ့ မာကိုဟာ တက္ကသိုလ်မှာတွေ့ဆုံချစ်ကြိုက်ခဲ့တဲ့ ကီ ကိုမူရို (Kei Komuro) နဲ့ ၂၀၁၇ခုနှစ်က စေ့စပ်ခဲ့တာပါ။ အဲဲဒီအချိန်တုန်းက ကေ ကိုမူရိုနဲ့ လက်ထပ်ချင်တဲ့အတွက် တော်ဝင်မင်းသမီးဘွဲ့ကို စွန့်လွှတ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ တော်ဝင်မင်းသမီးက အရပ်သားတစ်ယောက်ကို လက်ထပ်ရင် တော်ဝင်မိသားစုက ထွက်ခွာရပြီး တော်ဝင်မိသားစုဝင်ဖြစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့အနေနဲ့ ဒေါ်လာ ၁ သန်းကျော် ပေးရမယ်ဆိုတဲ့ဉပဒေရှိပါတယ်။ အဲဲဒီဉပေဒအရ အစိုးရက ပေးအပ်မယ့် ဒေါ်လာ ၁.၃ သန်းကို အခုလည်း မာကိုက လက်မခံခဲ့ပြန်ပါဘူး။

ငွေရေးကြေးရေးအရှုပ်အထွေးတွေကြောင့် မာကိုက ဆက်ပြီး မစောင့်ဆိုင်းချင်တော့တဲ့အတွက် ဒီငွေပမာဏအများကြီးကို လက်မခံခဲ့တာပါ။ ဂျပန်တော်ဝင်မင်းသမီးဖြစ်ခဲ့ဖူးတဲ့ မာကို ဒီငွေတွေကို လက်မခံတာက ဂျပန်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။ ဂျပန်အစိုးရကတော့ ပေးအပ်တဲ့ငွေတွေကို ငြင်းဆိုခဲ့တဲ့ တော်ဝင်မိသားစုဝင်တစ်ယောက်မှမရှိဘူးတဲ့အတွက်၊ ဒီလိုအခြေအနေအတွက် ပြဌာန်းထားတဲ့ဉပဒေမရှိတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စေ့စပ်ပြီး နောက်တစ်နှစ်မှာ လက်ထပ်မယ်လို့ ပြောခဲ့ပေမဲ့ (၄) နှစ်ကြာတဲ့အထိ မာကိုတို့ လက်မထပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျပန်အစိုးရက ပေးအပ်တဲ့ ဒေါ်လာ ၁.၃ သန်း စွန့်လွှတ်ခဲ့ပြီးတဲ့နောက် အခုနှစ် အောက်တိုဘာလမှာ လက်ထပ်မယ့်ရက်ကြေညာဖို့ မျှော်လင့်ရတယ်လို့ NHK သတင်းဌာနက ပြောကြားထားပါတယ်။ မာကိုတို့ လက်ထပ်ပြီးရင် အမေရိကန်နိုင်ငံမှာ နေထိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: Ladbible “Japanese Princess Turns Down $1.3M Royal Pay-Out To Marry Former Classmate”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top