ကျွန်းပေါ် မှာ နှစ် ၃၀ ကျော်ကြာနေထိုင်ပြီးနောက် မြို့ပေါ်ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ အမျိုးသား

29-9-2021-yyl3.jpg

မော်ရို မိုရန်ဒီဆိုတဲ့ အမျိုးသားဟာ ကျွန်းပေါ်မှာ တစ်ယောက်တည်း ဆယ်စုနှစ် (၃) စုကြာအောင် နေထိုင်ခဲ့တာပါ။ အခုတော့ အသက် ၈၀ ကျော်မှာ ဘဝသစ်စတင်ဖို့အတွက် မြို့ပေါ် ပြောင်းရွှေ့နေထိုင်ပါပြီ။ မော်ရိုက သူ့ရဲ့အပေါင်းအဖော်တွေဖြစ်တဲ့ ကြောင်လေးတွေ၊ ငှက်ကလေးတွေနဲ့ အီတလီနိုင်ငံက ဆာဒင်းနီးယားကျွန်းမှာ ၃၃ နှစ်နီးပါး နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ကျွန်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာစူးစမ်းလေ့လာတဲ့နေရာအဖြစ် ပြောင်းလဲပစ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို ကျွန်းကနေ ထွက်ခွာဖို့လိုအပ်ကြောင်း ပြောခဲ့တာကြောင့် ကျွန်းမှာ တစ်ယောက်တည်းနေထိုင်တာက အဆုံးသတ်ခဲ့ရပါတယ်။

မေလက မော်ရိုဟာ La Maddalena မြို့အနီးနားမှာ ဆရာတစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တုန်းက ပင်စင်ငွေနဲ့ အိမ်အသစ်တစ်လုံးဝယ်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခုဆိုရင် တစ်ယောက်တည်းနေလာခဲ့တဲ့ မော်ရိုက လူတွေအများကြီးနဲ့နေထိုင်ရတာ နေသားကျနေပါပြီ။ “ကျွန်တော် အချိန်အကြာကြီး တစ်ယောက်တည်းနေခဲ့တယ်။ ကျွန်တော် ကျွန်းပေါ် ပထမဆုံးအခြေချခဲ့တဲ့ နှစ်အကြာကြီးပါပဲ။ ဘယ်သူနဲ့မှလည်း စကားမပြောခဲ့ဘူး။ အခုတော့ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေထိုင်ရတာကို နောက်ထပ်မပျော်ရွှင်တော့ဘူး။ ကျွန်တော့်ဘဝ အပြောင်းအလဲအသစ်ဖြစ်သွားခဲ့တယ်။ အခြားသူတွေနဲ့ အဆက်အဆံလုပ်ဖို့နဲ့ အခြားသူတွေနားနေဖို့ အာရုံစိုက်ဖြစ်ခဲ့တယ်” လို့ မော်ရိုက သတင်းဌာနတစ်ခုကို ပြောကြားခဲ့ပါတယ်။

မော်ရိုက အီတလီကနေ ပေါ်လီနီးရှားကျွန်းဆီ ရွက်လွှင့်ဖို့ ကြိုးစားပြီးတဲ့နောက် ၁၉၈၉ ခုနှစ်က ကျွန်းပေါ်မှာ နေထိုင်ဖို့ ဖြစ်လာခဲ့တယ်။ သူက တိတ်ဆိတ်တဲ့ကျွန်းကို သဘောကျနှစ်သက်သွားခဲ့ပြီး အဲဲဒီမှာ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နှစ် ၃၀ ကျော်အကြာမှာတော့ မြို့မှာနေထိုင်ဖို့ ဖြစ်လာခဲ့တယ်။ အစကတော့ မြို့မှာ ပြောင်းရွှေ့နေထိုင်ဖို့ တုံ့ဆိုင်းမိခဲ့ပေမဲ့ ယုံကြည်ချက်အပြည့်နဲ့ ရှင်သန်နေထိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

“ဘဝအသစ်က ဖြစ်နိုင်ပါတယ်။ သင်က အသက် ၈၀ ကျော်ဖြစ်ရင်တောင် အမြဲတမ်း ထပ်ပြီး စတင်နိုင်ပါတယ်။ သင် ကြုံတွေ့ခံစားနိုင်တဲ့ အခြားအရာတွေရှိတဲ့အတွက်ကြောင့်ပါ။ ကျွန်တော် ပျော်ပါတယ်။ ကောင်းမွန်တဲ့ဘဝနေထိုင်မှုရဲ့ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါပြီ” လို့ မော်ရိုက ပြောပါတယ်။ မော်ရိုက သူ့ရဲ့အတွေ့အကြုံတွေအကြောင်း စာအုပ်တစ်အုပ်ရေးသားထားပြီး နောက်ထပ်ရေးဖို့လည်း စီစဉ်နေပါတယ်။

Ref: Ladbible “Man Who Spent 30 Years Living Alone On An Island Moves To City Aged 82”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top