ပေါင်ကြားထဲ ခေါင်းအုံးထားအိပ်ခြင်းရဲ့ကောင်းကျိုးတွေ

14.12.2021yyl3.jpg

အိပ်ရာဝင်ချိန်ဆိုတာ တစ်နေ့တာကုန်ဆုံးတဲ့အချိန် ကျွန်တော်တို့ မျှော်လင့်ရတဲ့အခိုက်အတန့်တွေထဲက တစ်ခုပါ။ ကျွန်တော်တို့တွေ အိပ်ရာဝင်တဲ့အချိန် ကောင်းကောင်းအိပ်စက်မှ အိပ်ရေးဝမှ နောက်တစ်နေ့အတွက် ကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အိပ်ရာဝင်တာက နေ့စဉ်နေတိုင်းလုပ်ရတဲ့ အလေ့အထဖြစ်ပေမဲ့ သင့်အတွက် ကောင်းကျိုးဖြစ်စေမယ့် အရာရှိပါတယ်။ အိပ်စက်တဲ့အချိန်မှာ ဒူးခေါင်းအထက် ပေါင်ကြားမှာ အသုံးမပြုဖြစ်တဲ့ခေါင်းအုံးထားအိပ်မယ်ဆိုရင် ကောင်းကျိုးတွေရရှိနိုင်ပါတယ်။ အဲဒီလိုအိပ်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်။

ကိုယ်နေဟန်ထားမှန်အောင်ကူညီပေးတယ်

တချို့အိပ်စက်ခြင်းအနေအထားတွေက အခြားထက် ကျွန်တော်တို့ရဲ့ကျောရိုးအတွက် ပိုကောင်းပါတယ်။ ဒါကြောင့် ကျောရိုးမထိခိုက်အောင် ကျွန်တော်တို့ခန္ဓာကိုယ်အနေအထားကို ဂရုစိုက်ပေးဖို့ အလွန်အရေးကြီးပါတယ်။ အိပ်စက်တဲ့အချိန် ခန္ဓာကိုယ်အနေအထားမမှန်ဘဲ လဲလျောင်းမယ်ဆိုရင် ကျောရိုးတည်ဆောက်ပုံကို ထိခိုက်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒီအကြောင်းအရင်းကြောင့် သန္ဓေသားပုံစံအနေအထားမျိုးအိပ်စက်ပြီး ဒူးအထက်ပေါင်ကြားမှာ ခေါင်းအုံးထားအိပ်ဖို့ အကြံပြုထားကြပါတယ်။ ဒါက ကိုယ်နေဟန်ထားမှန်မှန်နဲ့ အိပ်စက်အနားယူနိုင်အောင် ကူညီပေးပါတယ်။

တင်ပါးရိုးနာကျင်တာနဲ့ ခါးနာတာတွေကို ကာကွယ်ပေးတယ်

တချို့လူတွေက နာတာရှည်ခါးနာခြင်းရှိကြပါတယ်။ ဒါပေမဲ့ ပေါင်ကြားထဲ ခေါင်းအုံးထားအိပ််တာက တင်ပါးဆုံရိုးနဲ့ တင်ပါးတွေမှာ ဖိအားမရောက်ဖို့ ထိန်းညှိပေးပြီး သက်တောင့်သက်သာနဲ့ အိပ်စက်နိုင်ဖို့ ကူညီပေးပါတယ်။ ဒီလိုအိပ်စက်ခြင်းမျိုးက တင်ပါးနဲ့ ခါးနာတာတွေကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း သက်တောင့်သက်သာအိပ်စက်စေပါတယ်

ကိုယ်ဝန်ဆောင်စဉ်မှာ အနေအထားမှန်မှန်နဲ့ ဘယ်လိုအိပ်စက်ရမလဲဆိုတာကို ဆရာဝန်တွေက ပြောပြကြပါတယ်။ ဘေးစောင်းပြီး ပေါင်ကြားထဲ ခေါင်းအုံးထားအိပ်တာက ခန္ဓာကိုယ်ဖိအားမများအောင်၊ ကျောရိုးမတင်းမာအောင် ကူညီပေးနိုင်တယ်လို့ ဆိုကြပါတယ်။ သက်တောင့်သက်သာအိပ်စက်နိုင်ဖို့ ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ဒီဇိုင်းထုတ်ထားတာတွေ ဝယ်ယူလို့ရပါတယ်။

ခေါင်းအုံးကို မှန်ကန်စွာ ထားနည်း

  • သန္ဓေသားပုံစံအနေအထားလဲလျောင်းပါ။
  • လဲလျောင်းနေစဉ် ခါးနဲ့မွေ့ရာကြား ကွာဟမှုမရှိပါစေနဲ့
  • သင့်တင်ပါးနဲ့ လိုက်လျောညီထွေမှုရှိစေဖို့ ခေါင်းအုံးကို ဒူးအထက်နားပေါင်ကြားထဲ ထားပါ

အိပ်စက်ရတာ မသက်မသာဖြစ်လာရင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ အမြဲတိုင်ပင်ကြည့်ဖို့ သတိရပါ။

ခေါင်းအုံးပေါ် ခြေထောက်နှစ်ဖက်တင်ပြီး အိပ်လို့လည်းရပါတယ်

သင်က ပလက်လန်ပြီး အိပ်စက်ရတာကြိုက်တယ်ဆိုရင် အိပ်စက်နေစဉ် ကျောရိုးမှာ ဖိအားမများအောင် ဒူးခေါင်းအောက် ခေါင်းအုံးတစ်လုံးထားလို့လည်းရပါတယ်။ ဒီလိုအိပ်စက်တာက ခါးနာတာ၊ ဒူးနာတာတွေကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။

Ref: What Can Happen to Your Body If You Sleep With a Pillow Between Your Knees

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top