ဆောင်းတွင်းမှာ အဆစ်အမြစ်တွေ ပိုနာကျင်ရခြင်းအကြောင်းအရင်း

yyl-016-11.jpg

အဆစ်ရောင်ရောဂါ၊ လေးဖက်နာ၊ ထိခိုက်နာကျင်တာတွေကဲ့သို့ မတူတဲ့ကျန်းမာရေးအခြေအနေတွေကြောင့် အဆစ်အမြစ်တွေ နာကျင်ရတာဖြစ်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်းနာကျင်တာတွေက တကယ်ကို နေရထိုင်ရခက်စေပါတယ်။ ဆောင်းရာသီလို အရမ်းချမ်းအေးတဲ့အခါမျိုးဆို အဆစ်အမြစ်နာကျင်ရောင်ရမ်းတာတွေက ပိုဆိုးလာသလို ခံစားကြရပါတယ်။ ခန္ဓာကိုယ်အပူချိန်ထိုးကျသွားတဲ့အတွက် နာကျင်မှုက ပိုဆိုးလာတာလား။ ဘာကြောင့်အဲလိုဖြစ်ရတာလဲဆိုတာကို သင် တွေးမိဖူးရဲ့လား။ အဲဒီလိုဖြစ်ရခြင်းအကြောင်းအရင်းကို ဒီဆောင်းပါးကနေ ဖော်ပြပေးမှာပါ။

ဆောင်းတွင်းမှာ အဆစ်အမြစ်ပိုပြီးနာကျင်ရခြင်းရဲ့တစ်ကယ်အကြောင်းအရင်းကို မသိကြပေမဲ့ ကျွမ်းကျင်ပညာရှင်တွေက အဲဒါနဲ့ပတ်သက်ပြီး သိထားတဲ့ အကြောင်းအရင်းနည်းနည်းရှိပါတယ်။ ဆောင်းတွင်းမှာ ခန္ဓာကိုယ်က အပူချိန်ကို ထိန်းထားပြီး ခန္ဓာကိုယ်ရဲ့အလယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို သွေးပမာဏ ပို့ပေးရပါတယ်။ အဲဒီအခြေအနေမှာ သင့်လက်တွေ၊ ခြေထောက်တွေ၊ ပခုံး၊ ဒူးဆစ်တွေမှာ ရှိတဲ့သွေးကြောတွေက နာကျင်ခြင်းတွေဖြစ်လာရင်း တောင့်တင်းလာတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ နောက်ထပ်အကြောင်းအရင်းကတော့ လေထုဖိအားအပြောင်းအလဲကြောင့် အဆစ်အမြစ်တွေမှာ ရောင်ရမ်းနာကျင်ခြင်းဖြစ်လာတာပါ။ ဒါ့အပြင် အဆစ်အမြစ်မှာရှိတဲ့ အကြောတွေက ဆောင်းတွင်းမှာ အထိအခိုက်လွယ်ပြီး နာကျင်မှုတွေ ပိုဆိုးလာရတာဖြစ်ပါတယ်။

အဆစ်အမြစ်နာကျင်ခြင်းတွေ သက်သာသွားစေမယ့် ရိုးရှင်းတဲ့နည်းလမ်းများ

ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးပါ

ဒီပြဿနာကို ရှောင်နိုင်မယ့် ပထမဆုံးနည်းက ကိုယ့်ကိုယ်ကို နွေးထွေးအောင်နေဖို့ပါပဲ။ အပြင်ထွက်တဲ့အခါ နွေးနွေးထွေးထွေးဝတ်ဆင်သွားပါ။ မနက်ခင်းလမ်းလျှောက်သွားတော့မယ်ဆိုရင် လုံလုံခြည်ခြည်ဝတ်ဆင်သွားသင့်ပါတယ်။

ရေများများသောက်ပါ

ရေဓာတ်ကုန်ခန်းခြင်းကလည်း ကြွက်သားနာကျင်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲနာကျင်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ရှောင်ရှားဖို့ရာ (၃) ရာသီလုံး ရေများများသောက်ပေးပါ။

ဗီတာမင်ဒီရအောင်လုပ်ပါ

ခန္ဓာကိုယ်မှာ ဗီတာမင်ဒီပမာဏနည်းသွားရင်လည်း အဆစ်အမြစ်နာကျင်ဖို့ လွယ်ကူသွားစေနိုင်ပါတယ်။ ဗီတာမင်ပမာဏတိုးလာအောင်လုပ်ပါ။ ဗီတာမင်ဓာတ်တိုးဖို့ဆိုရင် နေရောင်အောက်မှာ အချိန်အနည်းငယ်နေပေးပါ

ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားနေပါ

အကြောလျော့တဲ့၊ အကြောဆန့်တဲ့လေ့ကျင့်ခန်းတွေကို လုပ်ပေးတာကလည်း သင့်အရိုးအဆစ်တွေကို သန်မာလာစေပြီး နာကျင်တာတွေကို သက်သာသွားစေနိုင်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကို အလွန်အကျွံကြီးမလုပ်မိစေဘဲ နည်းနည်းပါးပါး လှုပ်လှုပ်ရှားရှားနေရုံပါပဲ။

Ref: The real reason why your joints hurt more in winters

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top