လိုအပ်နေတဲ့သူတွေကို ဒေါ်လာ ၃၀,၀၀၀ လိုက်ဝေပေးခဲ့တဲ့ လက်တွေ့ဘဝက ဆန်တာကလော့

14.12.2021yyl1.jpg

အရီဇိုးနားပြည်နယ်အရှေ့တောင်ပိုင်းက ဆန်တာကလော့ကတော့ အခက်အခဲဖြစ်နေတဲ့၊ လိုအပ်နေတဲ့သူတွေဆီ လက်ဆောင်တွေ လိုက်ပေးနေပါပြီ။ အဲဒီဆန်တာကလော့က အမည်မသိစီးပွားရေးလုပ်ငန်းရှင်တစ်ဉီးဖြစ်ပြီး San Carlos Apache Tribal Lands က သူစိမ်းတွေအတွက် ဒေါ်လာ ၁၀၀ တန် ဒေါ်လာ ၃၀,၀၀၀ ကို ကျပန်းအနေနဲ့ လက်ဆောင်ပေးဖို့ စီစဉ်ခဲ့တာပါ။

Tribal Land မှာ နေထိုင်ကြတဲ့ လူ (၁၀,၀၀၀) ကျော်ရဲ့တစ်ဝက်နီးပါးက ဆင်းဆင်းရဲရဲနေထိုင်ကြရတာပါ။ အဲဒီဆန်တာကလော့ ပေးတဲ့ လက်ဆောင်ငွေတွေက အဲဒီလိုလူတွေအတွက် အကူအညီဖြစ်ခဲ့ပါတယ်။ လက်ဆောင်ရရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကဆိုရင် သူတို့မိသားစု စားသောက်ဖို့ အစားအစာတွေကို ထမင်းစားပွဲမှာပိုပြီး တည့်ခင်းနိုင်တော့မယ်လို့ ပြောပါတယ်။

အီလီဂျချ် ကိုကီး (Elijah Cooke) ဆိုသူကတော့ ဆန်တာကလော့ရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သူ့ထက် ပိုပြီးလိုအပ်တဲ့ တစ်စုံတစ်ယောက်ကို ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ “ကျွန်မ စားစရာမရှိဘူး။ ဒါပေမဲ့ ကျွန်မရဲ့အဖေကို တွေးမိခဲ့တယ်။ သူက ပိုပြီး လိုအပ်တယ်” လို့ ဆိုပါတယ်။ ဗီလ်မာ ဝီလ်ဆန် (Velma Wilson) ဆိုတဲ့ အမျိုးသမီးကလည်း လက်ဆောင်လက်ခံရရှိပြီးတဲ့နောက် သူ့ရဲ့မြေးတွေ တောင်းဆိုနေတဲ့ အရာကို ဝယ်ပေးနိုင်ပြီလို့ ဆိုပါတယ်။

ဆန်တာကလော့က ” အမေရိကန်လူမျိုးတွေနဲ့ အနက်ရှိုင်းဆုံးဆက်သွယ်မှုတစ်ခုကို ကျွန်တော်ရဲ့စိတ်ဝိညာဉ်အတွင်း အမြဲ ခံစားမိခဲ့တယ်။ သင်က အမေရိကန်လူမျိုးစစ်စစ်၊ အာဖရိကန်အမေရိကန်၊ ခရစ်ယာန်အမေရိကန်ဖြစ်ဖြစ် ကျွန်တော်တော်တို့အားလုံးကြားမှာ အကြင်နာတရားက ဘုံဘာသာစကားပါပဲ”လို့ ဆိုပါတယ်။

လူအများစုက ပိုက်ဆံတွေ လက်ဆောင်ရတဲ့အခါမှာ မျက်ရည်မကျခဲ့ကြပေမဲ့ ဆန်တာကလော့ရဲ့အားပေးစကားတွေက သူတို့ကို ဝမ်းသာပီတိမျက်ရည်ကျစေခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ကို “မင်းက ဘယ်လောက်ထူးခြားလဲသိလား” လို့ ဆန်တာကလော့က ပိုက်ဆံလက်ဆောင်ပေးရင်း ပြောခဲ့ပါတယ်။ နောက်တစ်ယောက်ကိုလည်း “မင်းက စိတ်ထားလှတဲ့သူတစ်ယောက်ပါ”လို့ ပြောခဲ့ပါတယ်။ ဒေါ်လာ ၄၀၀ ရခဲ့တဲ့ နယ်ဗီနာ ကော့ဘ် (Nelvena Cobb) ကိုတော့ “မင်းက မိခင်တိုင်းအတွက် စံပြကောင်းပါပဲ။ မင်းက အံ့ဩလောက်စရာပါပဲ”လို့ပြောခဲ့ပါတယ်။ “အဲဒီလိုစကားကြားရတော့ ဝမ်းသာမိပါတယ်။ ကျွန်မကို တော်တော်လေး အကူအညီဖြစ်စေခဲ့ပါတယ်” လို့ နယ်ဗီနာ ကော့ဘ်ကလည်း ဆိုပါတယ်။

Ref: CBSNews “A Secret Santa gave out $30,000 to strangers in need — but it was his words that moved them”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top