ဆင်းမ်ကတ်မှတ်ပုံတင်ရာ၌ မမှန်မကန် ပြုလုပ်သူတွေကို အရေးယူမယ်

10-8-2020-yyl-005.jpg

ဆင်းမ်ကတ်မှတ်ပုံတင်ရာ၌ မမှန်မကန်ပြုလုပ်နေသူတွေကို တယ်လီဖုန်းအော်ပရေတာ များနဲ့ပူးပေါင်းကာ အရေးယူသွားမယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်ပါတယ်။

သက်သေခံကတ်ပြား တစ်ခုက ဆင်းမ်ကတ်နှစ်ခုထက် ပိုမိုမှတ်ပုံမတင်ရန် ဆက်သွယ်ရေးအော်ပရေတာများကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားပြီးဖြစ်ပေမယ့်လည်း မှန်မှန်ကန်ကန်မှတ်ပုံမတင်ကြတဲ့အတွက် အရေး ယူရန်ပြင်ဆင်နေတယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပြင် မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်များအား ရောင်းချနေသူတွေကို အရေးယူရာမှာ ဆက်သွယ်ရေး ဥပဒေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်ရန် အခက်အခဲရှိတဲ့အတွက် အော်ပ ရေတာများမှတစ်ဆင့် အရေးယူတဲ့စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဆက်သွယ်ရေးအော်ပရေတာများအနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်ပြီး စည်းကမ်းချိုးဖောက်သူတွေကို ဥပဒေနဲ့ အညီအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ချယ်ရီ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top