ဇွန်လ (၇) ရက်နေ့မှာ ဗြိတိန်ဝန်ကြီးချုပ်ရာထူးကနှုတ်ထွက်မယ့် ထရီဆာမေ

60907938_2344736502236255_659281233737416704_n.jpg

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် (၃) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထရီဆာမေ (Theresar May) ကတော့ ဇွန်လ (၇) ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။ ထရီဆာမေက ကွန်ဆာဗေးတစ်ပါတီရဲ့ ၁၉၂၂ ခုနှစ်ကော်မတီခေါင်းဆောင် ဆာဂရေဟမ်ဘရက်ဒီကို ဒေါင်းနင်းလမ်းနေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပြီးနောက် အခုလို အံ့အားသင့်စရာကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။

ဝန်ကြီးချုပ်ရာထူးကနေ ထရီဆာမေ နုတ်ထွက်ပြီး ရက်သတ္တပတ်အကြာမှာ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်သွားမယ်

ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံနှုတ်ထွက်ရေး မဲပေးခဲ့ကြတဲ့ ၂၀၁၆ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲကို အကောင်အထည်ဖော်ပေးဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ ဘရီဇစ်(Brexit-ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မှု) အစီအစဉ် ဖြစ်မြောက်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့လို့ ဖြေမဆည်နိုင်အောင်ဖြစ်မိတယ်လို့ ထရီဆာမေက ပြောပါတယ်။

ထရီဆာမေဟာ ဇွန်လ (၇) ရက်မှာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်မယ်လို့ အမှတ်(၁၀) ဒေါင်းနင်းလမ်းနေအိမ်က ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ရာထူးကနေ ထရီဆာမေ နုတ်ထွက်ပြီး ရက်သတ္တပတ်အကြာမှာ ဝန်ကြီးချုပ်သစ် ရွေးကောက် တင်မြှောက်သွားမယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

Ref:Reuters
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top