ကျန်းမာရေးကောင်းကျိုးတွေရရှိဖို့ နေ့တိုင်းစားပေးသင့်တဲ့ မုန်လာဥနီ

3-3-2022-yyl01.jpg

ကောင်းမွန်တဲ့ အစားအသောက်က မျှတပြီး အာဟာရဓာတ်အားလုံး ကြွယ်ဝပါတယ်။ အစားအသောက်ရဲ့ အစိတ်အပိုင်းတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ အရေးပါ ပါတယ်။ အချို့သောအစားအစာတွေက သီးခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ပစ်မှတ်ထားပေမဲ့ အချို့သောအစားအစာတွေက ခန္ဓာကိုယ်တစ်ခုလုံးရဲ့လုပ်ငန်းစဉ်တော်တော်များများကို အကူအညီပေးနိုင်ပါတယ်။ မုန်လာဥနီက အလွန်အကျိုးများပြီး ဘက်စုံသုံးနိုင်တဲ့ အစားအစာတွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ မုန်လာဥနီနဲ့ပတ်သက်ပြီး သိသင့်သလောက် ကျယ်ကျယ်ပြန့်ပြန့် မသိကြပါဘူး။ မုန်လာဥနီကို ဒီအတိုင်းစားတာပဲဖြစ်ဖြစ်၊ သုပ်စားတာ၊ ဖျော်ရည်လုပ်သောက်တာ၊ အခြားဟင်းသီးဟင်းရွက်တွေနဲ့ကြော်စားတာဖြစ်ဖြစ် အမျိုးမျိုးလုပ်စားလို့ရပါတယ်။ အောက်မှာ မျှဝေပေးထားတဲ့ ကျန်းမာရေးကောင်းကျိုးတွေရှိတဲ့အတွက် မုန်လာဉနီကို နေ့တိုင်းစားပေးသင့်ပါတယ်။

အသည်းကောင်းမွန်စေတယ်

မုန်လာဥနီက ဘီတာကာရိုတင်း (Beta-Carotene) နဲ့ အပင်တွေမှာပါရှိတဲ့ flavonoids တွေကြောင့် အသည်းအတွက် ကောင်းမွန်ပါတယ်။ အဲဒီဓာတ်နှစ်ခုလုံးက အသည်းရဲ့လုပ်ဆောင်ချက်ကို ချော့မွေစေပြီး အသည်းကို အဆိပ်အတောက်တွေ မဖုံးလွှမ်းစေပါဘူး။ အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေဖို့ မုန်လာဉနီကို စားသုံးဖို့ဆိုရင် မုန်လာဉနီဖျော်ရည်လုပ်သောက်သင့်ပါတယ်။ မုန်လာဥနီ အနည်းငယ်ကို ဖျော်ပြီး နံနံပင် အနည်းငယ်ထည့်ပါ။ ချင်း (ဂျင်း)၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း သို့မဟုတ် သခွားသီးတို့ကိုလည်း ထည့်နိုင်ပါတယ်။

ကင်ဆာရောဂါကာကွယ်ပေးတယ်

မုန်လာဥနီမှာ Falcarino လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုကြွယ်ဝစွာပါဝင်ပြီး ကင်ဆာရောဂါ ဓာတုကုထုံးနဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အသားရေနဲ့ ဆံပင်တွေအတွက် တစ်သျူးကို ပြန်လည်ပြုပြင်ပေးပါတယ်။ ရင်သားကင်ဆာအပါအဝင် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးတယ်လို့ လေ့လာချက်တွေမှာဖော်ပြထားပါတယ်။ ကင်ဆာဝေဒနာရှင်တွေအတွက် အခြားရောဂါပိုးကူးစက်မှုအန္တရာယ်မရှိစေဖို့ အခွံနွှာထားတဲ့ အော်ဂဲနစ်မုန်လာဥနီစားပေးဖို့ အရေးကြီးပါတယ်။ ဟင်းချိုလုပ်သောက်တာကလည်း ကင်ဆာဝေဒနာခံစားနေသူတွေအတွက် ကောင်းပါတယ်။

ဆီးချိုရောဂါအတွက် ကောင်းတယ်

သဘာဝအလျောက် ကစီဓာတ်မရှိတဲ့ မုန်လာဥနီက ဆီးချိုရောဂါရှိသူတွေအတွက် ဘေးကင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အမျှင်ဓာတ်နဲ့ ဗီတာမင် အေ ကြွယ်ဝတာကြောင့် ဆီးချိုဝေဒနာရှင်များအတွက် ခန္ဓာကိုယ်တွင်း ဂလူးကို့စ်ပမာဏကို မမြှင့်တင်ဘဲ အကျိုးပြုပါတယ်။ ဆီးချိုရှိသူတွေက မုန်လာဥနီဖျော်ရည်အစား မုန်လာဥနီကို ဒီအတိုင်း စားသုံးပေးသင့်ပါတယ်။ ဒါပေမဲ့ မုန်လာဉီနီဖျော်ရည်ကိုတော့ သကြားပမာဏထိန်းပြီးသောက်သုံးလို့ရပါတယ်။

အခြားအကျိုးကျေးဇူးတွေနဲ့ သတိပေးချက်တွေ

မုန်လာဥနီ စားသုံးတာရဲ့ အခြားအကျိုးကျေးဇူးတွေမှာ မျက်စိကျန်းမာရေး၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အသားအရေနဲ့ ဆံကေသာကို ကောင်းမွန်စေခြင်းတွေ ပါဝင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ ကျန်းမာရေးညီညွှတ်တဲ့အရာတွေ စားသုံးတာ လွန်ကဲခြင်းက မကောင်းတဲ့အတွက် မုန်လာဥနီ အများအကြီးစားသုံးတာက အဆိပ်သင့်ခြင်းနဲ့ သွေးထဲမှာ ဘီတာ-ကာရိုတင်း များလွန်းခြင်းတွေကို ဖြစ်စေနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ carotenema လို့ခေါ်တဲ့ အရေပြားအရောင်ပြောင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မုန်လာဉနီစားသုံးတဲ့အခါ အများကြီးမစားသုံးမိအောင် ဂရုစိုက်ပေးသင့်ပါတယ်။

Ref: From preventing breast cancer to improving liver health, here’s why a nutritionist wants you to eat carrots everyday

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top