လာလီဂါပြိုင်ပွဲမှာ ဟာလန်း တောက်ပလာလိမ့်မယ်လို့ ရီဗယ်ဒို ခန့်မှန်း

22-5-2020-yyl-025.jpg

နော်ဝေကြယ်ပွင့် ကစားသမား ဟာလန်းက အချိန်တန်ရင် လာလီဂါပြိုင်ပွဲမှာ တောက်ပလာလိမ့်မယ်လို့ ဘရာဇီးဂန္ထဝင် ကစားသမားဟောင်း ရီဗယ်ဒိုက ပြောပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၁၃ ဂိုး သွင်းယူပေးထားပါတယ်။ ဒေါ့မွန်ကို ဟာလန် ပြောင်းမလာခင် ရီးရဲလ်အသင်းက စိတ်ဝင်စားခဲ့ဖူးပါတယ်။

” ၁၉ နှစ်သား ဟာလန်းက ထိပ်တန်းကစားသမားဖြစ်နေပါပြီ။ အနာဂတ်မှာ ဒီထက်ပိုကောင်းလာပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ သူက ကိုယ်ရည်ကိုယ်သွေးပြည့်ဝပြီး အကြောက်အလန့်မရှိ၊ တည်တည်ငြိမ်ငြိမ် ကစားနိုင်စွမ်းရှိပါတယ်။ လူတချို့က သူ့ကို ရော်နယ်ဒို(ဘရာဇီး)နဲ့ နှိုင်းယှဉ်နေကြပါတယ်။ သူတို့ကြားမှာ တူညီမှုတချို့ ရှိပါတယ်။ သူက မြန်တယ်၊ မကြောက်တတ်ဘူး။ ဂိုးသွင်းနှုန်းကောင်းတယ် စတဲ့အချက်တွေပေါ့။ ဒါပေမဲ့ သူ့ကို ရော်နယ်ဒိုခြေရာနင်းမယ့်သူလို့ ပြောဖို့ စောလွန်းပါသေးတယ်”လို့ ရီဗယ်ဒိုက ပြောပါတယ်။ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ် ပါဝင်ကစားခဲ့ဖူးပြီး ကမ္ဘာ့ဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top