ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ONE: QUEST FOR GOLD

9-7-2020-yyl-024.jpg

အာရှသမိုင်းမှာ အကြီးမားဆုံး ကမ္ဘာ့အားကစားပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိတဲ့ ONE Championship™(ONE) ဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊ သောကြာနေ့ မှာတော့ ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် ONE: QUEST FOR GOLD ပြိုင်ပွဲကို ကျင်းပ သွားမှာပါ။

ဝမ်းလိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု (ONE Light Heavyweight World Championship) အတွက် မြန်မာနိုင်ငံမှ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ (ONE Middleweight World Champion) “မြန်မာ့စပါးအုံးမြွေ” အောင်လအန်ဆန်နဲ့ ဘရာဇီးနိုင်ငံမှ ကမ္ဘာ့ချန်ပီယံ Alexandre Machado တို့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပြီး ညနေပိုင်း ဒုတိယခေါင်ပွဲစဉ်မှာတော့ မလေးရှားနိုင်ငံမှ Ev “E.T.” Ting နှင့် ကိုစတာရီကာမှ Ariel “Tarzan” Sexton တို့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ 

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့  ဇွန်လ ၂၀၁၇ ခုနှစ်က ဗိုက်တလီ ဘစ်ဒက်ရှ် (Vitaly Bigdash) ကို အလဲထိုးကာ အနိုင်ယူခဲ့တယ်လို့ ဒိုင်တွေရဲ့ တညီတညွတ်တည်းဆုံးဖြတ်မှု နဲ့ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူဆွတ်ခူးခဲ့တာပါ။ မကြာသေးမီက ၎င်းပါဝင်ခဲ့သည့် ဝမ်းချန်ပီယံရှစ် (ONE Championship) ရဲ့   ပထမဦးဆုံး ဝိတ်တန်းလွတ် အထူးကစားပွဲ (Open Weight Super-Bout) မှာ အောင်လအန်ဆန်က ဟဲဗီးဝိတ်တန်း ကစ်ဘောက်ဆင်ချန်ပီယံ Alain Ngalani ကို ပထမအချီအစပိုင်းမှာတင် အလဲထိုးသတ်နိုင်ခဲ့ပါတယ်။

အောင်လ အန်ဆန်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမယ့် ဘရာဇီးနိုင်ငံမှ ဟဲဗီးဝိတ်တန်းချန်ပီယံ Alexandre “Bebezao” Machado   က  ရှားပါးသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတစ်ဦးဖြစ်ပြီး လှပသေသပ်သောချုပ်ကွက်များ၊ အတုံးအရုံးလဲသွားစေလောက်သည့် ထိုးသတ်ချက်များနှင့် အမှတ်ရယူတတ်သူတစ်ဦးဖြစ်ပါတယ်။ ဘရာဇီး  ဂျူ-ဂျစ်ဆု ခါးပတ်နက်ပိုင်ရှင်ဖြစ်ပြီး လက်ရှိ ကစားရာတွင် ၈-၂ စံချိန်တင်ထားကာ သူ့မျှော်မှန်းချက်အတိုင်း ဝမ်းချန်ပီယံကြိုးဝိုင်းတွင်းသို့ ပြန်လာမှာ ဖြစ်ပါတယ်။ Machado သည် သူ့ရဲ့ နောက်ဆုံးပွဲစဉ်တွင် လူသန်ကြီး အလိန်းဂါလာနီကို ဒုတိယအချီတွင် အလဲထိုးသတ်နိုင်ခဲ့ပါတယ်။ 

နောက်ထပ် စိတ်ဝင်စားစရာ ပွဲစဉ် တစ်ခုကတော့ ဖိုးသော်နဲ့ Sor Sey တို့ရဲ့ ပွဲစဉ်ပါ။ အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး ရှုံးပွဲမရှိယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဖိုးသော်ကတော့ ONE: HERO’S DREAM မှာ စောဘဦးကို အလဲထိုးအနိုင်ယူထားပြီး ယခုပြိုင်ပွဲကြီးမှာတော့ ကမ္ဘောဒီးယား ထိပ်တန်းလက်ဝှေ့အဖွဲ့မှ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည့် ဖနွမ်းပင်မှ Sor Sey နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။

ဝမ်းချန်ပီယံရှစ် (ONE Championship) နဲ့ စပ်လျဉ်းတဲ့  နောက်ဆုံးရသတင်းတွေ ကို သိရှိနိုင်ဖို့  www.onefc.com ကို ဝင်ရောက်ကြည့်ရှုနိုင်တဲ့ အပြင်  Twitter နှင့် Instagram @ONEChampionship တို့တွင် follow လုပ်ခြင်း၊ Facebook စာမျက်နှာ https://www.facebook.com/ONEChampionship ကို like လုပ်ထားခြင်းတို့ဖြင့် နောက်ဆုံးရ သတင်းတွေကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ပွဲကြည့်လက်မှတ်နှင့် ပတ်သက်သည့်အချက်အလက်များကိုတော့ ONE: QUEST FOR GOLD www.onefc.com  မှာ ကြည့်ရှုနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top