ဟယ်ရီပေါ်တာ ဇာတ်ကားများတွင် ဝန်ကြီးကော်နီးလီးယပ်စ်ဖတ်ဂ်ျ အဖြစ် သရုပ်ဆောင်သော ရောဘတ်ဟာဒီ (Robert Hardy) ကွယ်လွန်

42EF64F500000578-4757900-image-a-39_1501773094822.jpg

ဒီသတင်းကြားကြားခြင်း အရမ်းပဲစိတ်မကောင်းဖြစ်မိပါတယ်။ စာဖတ်သူတွေထဲ ဟယ်ရီပေါ်တာ ပရိသတ်​တွေ ပါမယ်ဆိုရင် ဒါဟာဝမ်းနည်းဖွယ် သတင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပါ။

ဘာ့ကြောင့်လဲဆိုတော့ ဟယ်ရီပေါ်တာချစ်သူတွေဟာ သူတို့ချစ်ရတဲ့ မှော်တုတ်တံ (wand) ထုတ်လုပ်သူ အိုလီဗန်ဒါတစ်ဖြစ်လဲ ဂျွန်ဟတ်ကို ဆုံးရှုံးထားတာ မကြာသေးလို့ပါ။ အခုလည်း ဝန်ကြီးဖတ်ဂ်ျက သူတို့ကို ထားသွားပြန်ပြီလေ။

ကော်နီးလီးယပ်စ်ဖတ်ဂ်ျတစ်ဖြစ်လဲ ရောဘတ်ဟာဒီဟာ ၁၉၂၅ အောက်တိုဘာ ၂၉မှာ မွေးဖွားခဲ့ပြီး ၂၀၁၇ ဩဂုတ်လ ၃ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁နှစ်ရှိနေပြီဖြစ်ပြီး လူကြီးရောဂါနဲ့ပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ရောဘတ်ဟာ အနုပညာနယ်ပယ်မှာ အနှစ် ၇၀ကျော်ကျင်လည်ခဲ့သူဖြစ်ပြီး ထူးချွန်ထက်မြက်ကာ လူတိုင်းချီးကျူးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ သူ့ရဲ့အနုပညာဘဝအစမှာတော့ ရှိတ်စပီးယားပြဇာတ်တွေ၊ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ သူဟာ ဇာတ်ကားမြောက်မြားစွာ အစီအစဉ်မြောက်မြားစွာမှာ ပါဝင်တင်ဆက်ခဲ့ပြီး BBC ရဲ့အအောင်မြင်ဆုံး Series တွေထဲကတစ်ခုဖြစ်တဲ့ All Creatures Great and Smallမှာ သရုပ်ဆောင်ခဲ့ပြီးနောက် ပိုပြီးလူသိများထင်ရှားလာပါတယ်။ ရောဘတ်ဟာ ဝင်စတန်ချာချီ(Winston Churchill)ကို အလွန်လေးစားသူဖြစ်ပြီး ချာချီရဲ့မိန့်ခွန်းတွေကို အချိန်ပြည့်နားထောင်နေလေ့ရှိသူပါ။ ချာချီအကြောင်း ပြဇာတ်တွေ ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူ့ကိုပိုထင်ရှားလာစေတဲ့ ဇာတ်ကောင်ကတော့ ဟယ်ရီပေါ်တာကားတွေထဲက ခေါင်းခပ်မာမာနဲ့ ဝန်ကြီးကော်နီးလီးယပ်စ်ဖတ်ဂ်ျ ကာရိုက်တာပဲဖြစ်ပါတယ်။ ဇာတ်ကားကို ပိုအသက်ဝင်စေဖို့နဲ့ အလှည့်အပြောင်းနေရာတွေမှာဆိုရင် အရေးကြီးတဲ့နေရာတွေမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဟယ်ရီပေါ်တာပရိသတ်​တွေကတော့ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် ဇာတ်ကောင်တွေအကုန်လုံးကို ချစ်မြတ်နိုးကြသူတွေချည်းပါ။ အခုလို ရုတ်တရက် သတင်းဟာ တစ်ကမ္ဘာလုံးက ရောဘတ်ကိုချစ်ကြတဲ့ ၊ ခေါင်းမာတဲ့ဝန်ကြီး ကော်နီလီးယပ်စ်ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ကြေကွဲဖွယ်သတင်းတစ်ခုလို့ဆိုရင် မမှားနိုင်ပါဘူး။ ဟယ်ရီပေါ်တာကားတွေမှာ ပါစီ​ဝေစလေ (Percy Weasley) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ခရစ်စ်ရန်ကင် (chris Rankin)က “ BBC က မှော်ဝန်ကြီးဌာနရဲ့ ဝန်ကြီးရောဘတ်ဟာဒီ ကွယ်လွန်သွားပြီလို့ပြောပါတယ်။ ဒါဟာအရမ်​းဝမ်းနည်းဖွယ်ကောင်းတဲ့ ကိစ္စပါ။ သူက အံဩစရာပုံပြင်တွေကို ပြောပြတတ်တဲ့ အရမ်းကြင်နာတတ်သူတစ်ယောက်ပါ။”လို့ သူ့ရဲ့တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။

Ref:Pottermore; “British actor Robert Hardy has died, aged 91”

Sophia (yoyarlay)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top