MPT မှ The Voice Myanmar Season-2 ပရိသတ်များအတွက် “Guess and Win” ပြိုင်ပွဲအစီအစဉ်သစ်ကို ဆောင်ရွက်

61999114_2094308367361743_5713520244257980416_n.jpg

မြန်မာဆက်သွယ်ရေးအော်ပရေတာ MPT က The Voice Myanmar Season-2 အတွက် SAMSUNG Galaxy A30 ကိုရရှိနိုင်မည့် “Guess and Win” ပြိုင်ပွဲအစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းကြေညာလိုက်သည်။ ယခုအပတ်မှစတင်၍ The Voice Myanmar အမာခံပရိသတ်များအနေဖြင့် MPT ၏ Facebook မှတစ်ဆင့် အလွယ်တကူဝင်ရောက်ပြီး အဆိုပါပြိုင်ပွဲအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီဖြစ်သည်။

ဇွန်လ (၉) ရက်နေ့တွင်ပြုလုပ်မည့် The Voice Myanmar Season 2 ၏ အကြိုဗိုလ်လုပွဲတွင် ဆန်ခါတင်ပြိုင်ပွဲဝင် (၈) ဦးယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး၊ အကြိုဗိုလ်လုပွဲတွင်တက်ရောက်ခွင့်ရမည့် ပြိုင်ပွဲဝင် (၄) ဦးသည် ဇွန် (၁၆) ရက်နေ့တွင် ပြုလုပ်မည့် Grand Final တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“Guess and Win” ပြိုင်ပွဲ အစီအစဉ်

၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်မှစတင်၍ The Voice Myanmar Season-2 ပရိသတ်များအနေဖြင့် နောက်ဆုံးပြိုင်ပွဲဝင် (၄) ဦး နှင့် The Voice Myanmar Season-2၏ အနိုင်ရရှိသူကို မှန်ကန်စွာခန့်မှန်းပြီး ဆုလက်ဆောင်အဖြစ် SAMSUNG Galaxy A30 ဖုန်းအသစ်ခြောက်လုံးကို ရယူနိုင်မည်ဖြစ်သည်။ Guess and Win ပြိုင်ပွဲကို MPT ၏ Facebook Page သို့ ဝင်ရောက်ပြီး နောက်ဆုံးပြိုင်ပွဲဝင် ၄ ဦး အတွက် ၂၀၁၉ ဇွန်လ (၉) ရက် ည (၈) နာရီ နှင့် Winner အတွက် ၂၀၁၉ ဇွန်လ (၁၆) ရက် ည (၈) နာရီအထိ နောက်ဆုံးထား၍ ခန့်မှန်းမှုများကိုပေးပို့ရုံဖြင့် အစီအစဉ်တွင်ပါဝင်နိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့်လည်း The Voice Myanmar Season-2 ၏ တရားဝင် Facebook စာမျက်နှာပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်မည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇွန်လ (၁၉) ရက်တွင် MPT မှ Guess and Win ပြိုင်ပွဲတွင်မှန်ကန်စွာ ခန့်မှန်းနိုင်သည့်အနိုင်ရရှိသူများကို ကြေညာပေးသွားမည်ဖြစ်ပြီး မှန်ကန်စွာခန့်မှန်းနိုင်သူ (၃) ဦးထက်ပိုမိုပါက ကျပန်းစနစ်ဖြင့်ရွေးချယ်၍ SAMSUNG Glaxy A30 ဆုလက်ဆောင်ကို ချီးမြှင့်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top