V23e ကို Limited Edition အနေဖြင့် ပြောင်မြောက်သောအရောင်အသစ်ဖြင့် မကြာမီ မိတ်ဆက်မည်

Something-is-Coming.jpeg

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ၎င်း၏ ထုတ်ကုန်မိတ်ဆက်မှုပစ္စည်းများတွင် ဆန်းသစ်မှု၊ ခေတ်မီမှုများကြောင့် vivo သုံးစွဲသူများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။ vivo ၏ V23 စီးရီးတွင် ၎င်း၏ စွမ်းဆောင်ရည်ကောင်းမွန်သော Features များကြောင့် လူငယ်များကြားတွင် ရေပန်းစားခဲ့ပြီး စျေးကွက်တွင်လည်း ကြီးမားသော အောင်မြင်မှုတစ်ခုအနေဖြင့် ရပ်တည်နိုင်ခဲ့ပါသည်။

စတင်ရောင်းချချိန်မှစ၍ V23e ၏ အဓိက Features များဖြစ်သည့် စွဲမက်ဖွယ်ကောင်းသော ဓာတ်ပုံပညာနှင့် ပြောင်မြောက်သော ဒီဇိုင်းအား တွဲဖက်ပေါင်းစပ်ထားပေးသောကြောင့် သုံးစွဲသူများအတွက် စတိုင်ကျပြီး အံ့မခန်းစွမ်းဆောင်ရည်များကို ဖန်တီးပေးသည့် စမတ်ဖုန်းဖြစ်ခဲ့သည်။ V23e သည် ငွေကုန်ကြေးကျ သက်သာပြီး ခေတ်မှီဆန်းသစ်တဲ့ နည်းပညာ သုံးစွဲချင်သူတိုင်းအတွက် အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်သည်။ ယခုအခါ vivo မှ လူတိုင်းနှစ်သက်စေမည့် ပြောင်မြောက်သော အရောင်အသစ်ဖြစ် လူကြိုက်များနေသော V23 series ၏ V23e အား Limited edition အနေဖြင့် မကြာခင် မြန်မာပြည်စျေးကွက်ထဲတွင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါသည်။

ယခုထွက်ရှိမည့် V23e တွင် ယခင် အရောင်များမှ ပါဝင်ခဲ့သည့်အတိုင်း အရည်အသွေးမြင့် ကင်မရာစနစ်ဖြစ်သည့် 50MP AF Portrait Selfie Features ပါရှိတာကြောင့် သုံးစွဲသူများအား အကောင်းဆုံးအခိုက်အတန့် များနှင့်လှပသောအမှတ်တရများကို ဖန်တီးနိုင်မှာဖြစ်သည်။ Fluorite AG glass ဖြင့် အထူ 7.41 မီလီမီတာသာရှိသော ပေါ့ပါးပြီး ခေတ်စားသော ဒီဇိုင်းကြောင့် သုံးစွဲသူများအတွက် အကောင်းဆုံးနှင့် စတိုင်လ် အကျဆုံး စမတ်ဖုန်း တစ်ခုဖြစ်လာခဲ့သည်။ ယခု အသစ်ထွက်ရှိမည့် V23e တွင် အရည်အသွေးမြင့် လုပ်ဆောင်ချက်များအားလုံးပါဝင်ပြီး ထူးခြားပြောင်မြောက်သည့် အရောင်ဖြင့် ပေါင်းစပ်ထားသည်။

V23e တွင် အခြားသော ဖြစ်လုပ်ဆောင်ချက်များသည့် AI Extreme Night Portrait နှင့် ရှေ့ကင်မရာတွင် Multi-Style Portrait တို့ လည်း ပါဝင်ထားပါသည်။ စွမ်းဆောင်ရည်မြှင့်တင်ထားသော Double Exposure mode၊ Dual-View Video နှင့် Steadiface Selfie video mode တို့သည်လည်း ရိုက်ကူးမှုအတွေ့အကြုံကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကူညီပေးပါသည်။ ကျောဘက်ကင်မရာမှ Bokeh Flare Portraits နှင့် Super Night Mode တို့ပါဝင်သည့် 64MP Night camera ဖြစ်ပါသည်။ V23e မှ Extended RAM 2.0 နှင့် 128GB RAM တို့ဖြင့်ရရှိနိုင်ပြီး အမှတ်တရများအားလုံးကို လုံလောက်စွာသိမ်းဆည်းနိုင်သည့်အပြင် 44W Flashcharge နှင့် Funtouch OS 12 တို့ပါ ပါ၀င်ပေါင်းစပ်ဖန်တီးထားသောကြောင့် ပြီးပြည့်စုံသော စမတ်ဖုန်း ဖြစ်သည်။

ယနေ့ခေတ် စမတ်ဖုန်းသည် ဘဝအတွက် အရေးကြီးဆုံးအခန်းကဏ္ဍတစ်ခုဖြစ်လာသည်နှင့်အမျှ အရည်အသွေးမြင့် နည်းပညာနှင့် စတိုင်လ်ကျလှပမှုတို့ကို ဟန်ချက်ညီစွာ ထည့်သွင်းဖို့လိုအပ်သည်ကို vivo မှ ကောင်းစွာ နားလည်ပါသည်။ vivo မှ မကြာခင်မိတ်ဆက်ပေးတော့မည့် V23e Limited Edition တွင် ဘယ်လို အရောင်အသစ် ဆန်းဆန်းပြားပြားဖြင့် ထွက်ရှိမည်ဆိုတာ စိတ်ဝင်စားနေကြပြီး သုံးစွဲသူများကြိုက်နှစ်သက်သော နည်းပညာနဲ့ ဒီဇိုင်းဖန်တီးမှုအပိုင်းတွင် ပြီးပြည့်စုံစွာပါ၀င်ဖို့ မျှော်လင့်ထားပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top