နှာခေါင်းနှစ်ခုပါတဲ့ ခွေး

dog-intl.gif

နှာခေါင်း နှစ်ခု ပါတဲ့ ခွေးကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Fresno မြို့မှာ တွေ့ရှိခဲ့ပါတယ်။ ဩစတေးလျနွယ်ဖွား ခွေးမျိုးစိတ် တစ်မျိုး ဖြစ်စဉ် လမ်းပေါ်မှာ အစွန့်ပစ်ခံထားရတဲ့ ခွေးဖြစ်ပါတယ်။

တိရစ္ဆာန်ကို ချစ်ခင် မွေးတတ်တဲ့ Todd Ray ဟာ လမ်းလျှောက်ရင်း အပြင်မှာ ပိုင်ရှင်မဲ့ တွေ့တာကြောင့် ကောက်ယူမွေးစားခဲ့ပါတယ်။ ခွေးလေးဟာ အသက် ၂ နှစ်သားတောင် ရှိပါတယ်။ နှာခေါင်း နှစ်ခု ပါတဲ့အပေါ် ကျန်းမာရေး ဆိုးကျိုး ရှိလေမလားဆိုပြီးတော့ ဆေးစစ်မှုများ ပြုလုပ်ရာ ခွေးဟာ အင်မတန် ကျန်းမာကြောင်း ဆရာဝန်က ဆိုပါတယ်။ Toby လို့ ခွေးကို အမည်ပေးထားပါတယ်။ နှာခေါင်းနှစ်ပေါက်ပါတာကြောင့် သူဟာ အနှံ့ခံမှုမှာလည်း ပိုကောင်းကြောင်း ဆိုပါတယ်။ လာရောက် ကြည့်ရှုတဲ့ လူများနဲ့လည်း အလွယ်တကူ ခင်ပါတယ်။

ခွေးရဲ့ အခြား ခွေးများနဲ့မတူပဲ နှာခေါင်းနှစ်ပေါက်ပါမှုဟာ သူ့ရဲ့ အဓိက စွဲဆောင်မှုနဲ့ လူအများ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top