လီဗာပူးသမိုင်းမှာ ပရီးမီးယားလိဂ်ဂိုး (၁၀၀) အမြန်ဆုံး စွမ်းဆောင်နိုင်သူ အဖြစ် ဆာလာ စံချိန်တင်

9-7-2020-yyl-011.jpg

ဘရိုက်တန်ကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာဟာ အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး (၁၀၀) အမြန်ဆုံး စွမ်းဆောင်နိုင်သူ( သွင်းဂိုး+ ဂိုးဖန်တီးမှု)အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၁၀၄)ပွဲ ကစားချိန်မှာ (၇၃)ဂိုးသွင်းပြီး (၂၇)ဂိုးဖန်တီးနိုင်ခဲ့တာပါ။ လီဗာပူးအသင်းသမိုင်းမှာ ပရီးမီးယားလိဂ်ဂိုး(၁၀၀) စွမ်းဆောင်ပေးနိုင်တဲ့ ကစားသမား ၃ ယောက်ပဲ ရှိခဲ့ပါတယ်။

မိုက်ကယ်အိုဝင်( ၁၄၈ ပွဲ)၊ ရော်ဘီဖောင်လာ (၁၅၈ ပွဲ)နဲ့ စတီဗင်ဂျရတ် (၂၁၂ ပွဲ)တို့ဖြစ်ပြီး ဆာလာကတော့ (၁၀၄)ပွဲကစားချိန်မှာ ဂိုး(၁၀၀) စွမ်းဆောင်နိုင်ခဲ့တာပါ။ ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူထားပါတယ်။ လီဗာပူးကတော့ ပွဲစဉ် ၄ ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ ၉၂ မှတ်အထိ ရရှိထားလို့ မန်စီးတီးရဲ့ ရမှတ်(၁၀၀)စံချိန်ကို ချိုးဖျက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top